အမေရိကန်မှာထရမ့်သမ္မတဖြစ်လာဖို့သေချာသွားပြီးတဲ့နောက် တော်လှန်ရေးအပေါ်အကျိုးသက်ရောက်မှုတွေကို ပြည်တွင်းမှာကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြတယ်။မနေ့ကပြောခဲ့သလို အမေရိကန်နိုင်ငံမှာနိုင်ငံရေးခိုလှုံခွင့်တောင်းထားသူတွေ အနည်းဆုံးသောင်းဂဏန်းအထက်ရှိတယ်လို့သိရတယ်။ထိုသူတွေဟာ ထိုင်းမြန်မာနယ်စပ်မှာပိတ်မိနေကြပြီး UNအကူအညီနဲ့လောလောဆယ်နေထိုင်နေကြရတယ်။ပြည်တွင်းကိုပြန်ဝင်လို့မရတော့ အမေရိကန်ကိုသွားမရဘူးဆိုရင် သူတို့ရဲ့ဘဝတွေဟာနယ်စပ်မှာဒုက္ခသည်အဖြစ်နဲ့သာ ကုန်ဆုံးကြရလိမ့်မယ်။
နောက်တစ်ခုက သောဒီမိုကရက်တစ်သမ္မတဂျိုးဘိုင်ဒန်အစိုးရအတည်ပြုထားတဲ့Burma Act ဥပဒေအကြောင်းပါ။၂၀၂၂ကတည်းကအတည်ပြုထားခဲ့သော ထိုဥပဒေဟာအခုအကောင်အထည်ဖော်ချိန်ရောက်မှထရမ့်သမ္မတဖြစ်လာတော့ မြောင်းထဲရောက်သွားတော့မှာပါ။အခြားအကူအညီတွေ၊စစ်ကောင်စီအပေါ် ပိတ်ဆို့မှုတွေကိုလဲလုပ်ပေးဖို့မသေချာတော့ပါဘူး။တော်လှန်ရေးအပေါ် သက်ရောက်လာမယ့်ဆိုးကျိုးတွေကတော့ အများအပြားရှိနေပါတယ်။