စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ တပြိုင်နက်တိုက်ခိုက်နေတဲ့ မြို့သုံးခုထဲက ပင်လည်ဘူးမြို့ကိုအပြီးသတ်သိမ်းယူလိုက်နိုင်ပါပြီ။ထိုမြို့ကို NUGလက်အောက်ခံ PDFတပ်တွေဦးဆောင်ပြီးသိမ်းယူနိုင်ခဲ့တာပါ။ပင်လည်ဘူးမြို့ မကျစေရေးစစ်ကောင်စီဘက်က အသည်းအသန်ကြိုးစားခဲ့ပါတယ်။လေကြောင်းပစ်ကူတွေရော မြေပြင်စစ်ကူတွေရော အကြိမ်ပေါင်းများစွာပေးပို့ခဲ့တယ်။ရောက်လာသမျှစစ်ကူတပ်တွေအားလုံးကိုလဲ တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ခြေမှုန်းနိုင်ခဲ့တယ်။စစ်ကောင်စီဟာ ပင်လည်ဘူးမြို့မကျစေရေးအတွက် စုစုပေါင်းအင်အား၈၀၀ခန့်အသုံးပြုပြီး ၂လကျော်ကြာခုခံခဲ့ပေမယ့် နောက်ဆုံးမှာတော်လှန်ရေးအဖွဲ့တွေဘက်က အောင်ပွဲရခဲ့တယ်။