Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အတွေးအမြင်စစ်​ကောင်စီ၏ဗီဇကို ထပ်​ဖော်ပြ​လိုက်​သော ရေ​ဘေး

စစ်​ကောင်စီသည်​ရေ​ဘေးကြိုတင်ကာကွယ်ရန်သတိမ​ပေးသလို၊ပြည်သူများ၏အသက်ကယ်တင်နိုင်ရန် အ​ရေး​ပေါ်ကယ်ဆယ်​ရေးကိုလည်းမလုပ်​ပါ။

September 18, 2024
in သုံးသပ်ချက်များ
Reading Time:3 mins read
Share on FacebookShare on Twitter

ယောနသံ/People’s Spring

အာဏာသိမ်းခေါင်းဆောင်၏ မျက်နှာဖုံးကို နေပြည်တော်တွင်သူများက စက်တင်ဘာ ၁၁ရက်​နေ့မှာ မိုးထဲရေထဲတွင် ခွာချလိုက်သည်။

အာဏာသိမ်း​ခေါင်းဆောင်နှင့် စစ်အုပ်စုက ပြည်သူများအ​ပေါ် ရက်စက်ယုတ်မာမှု ၊တာဝန်မဲ့မှု၊ ​စေတနာမဲ့မှု ၊အရည်အချင်း မရှိမှု တို့ကို ၎င်းနှင့် အနီးဆုံးရှိ​နေ​သော ​ဇေယျာသီရိ၊ ပုဗ္ဗသိရီ၊ ပျဥ်းမနား ၊တပ်ကုန်း နှင့် ရမည်းသင်း မြို့နယ် တို့မှဒေသခံပြည်သူများက မျက်ဝါးထင်ထင်ထပ်မံ မြင်​တွေ့ခဲ့ကြသည်။

ထိုဖြစ်စဉ်သည် အာရှတိုက်အတွင်း လတ်တလောနာမည်ကြီးနေသည့် ယာဂီတိုင်ဖွန် မုန်တိုင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်။ တိုင်ဖွန်း ယာဂီအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအများအပြား၌ စက်တင်ဘာလ ၉ ရက်မှစ၍ မိုးသည်းထန်စွာရွာခဲ့သည်။ မုန်တိုင်းမှအကြွင်းအကျန် ဧရာမတိမ်တိုက်ကြီးသည် မြန်မာနိုင်ငံကိုဖြတ်သန်းစဉ် မိုးရွာစေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မိုးအများဆုံးရွာသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စက်တင်ဘာလ၁၀ရက်မနက်မှစ၍ ရေဘေးကြုံခဲ့သည်။ ထို့နောက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်းတို့၌ မိုးဆက်ရွာပြီး ရေးဘေးသင့်ဧရိယာကျယ်ပြန့်လာသည်။

စစ်ကောင်စီသည် လက်ရှိ​ရေ​ဘေးနှင့်ပတ်သက်၍ အ​ရေး​ပေါ် သတင်းထုတ်ပြန်မှုသတိ​ပေးမှုမလုပ်ခဲ့ပါ။ ထို့အပြင် ​ရေ​ဘေးကယ်ဆယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုလုံးဝမရှိခဲ့ကြောင်း ရေ ဘေးသင့်ဒေသမှ ပြည်သူများ နှင့် အရပ်ဖက်အဖွဲ့အစည်းအချို့ကတညီတညွတ်တည်း​ပြောသည်။

စစ်​ကောင်စီက ​ရေ​ဘေးကယ်ဆယ်​ရေးအတွက်ကြိုတင်ပြင်ဆင်မှုလုံးဝမလုပ်ဘဲ ထိုအစား ​လေယာဥ်များ ၊ရဟတ်ယာဥ်များဖြင့် ပြည်သူများကိုပါပစ်မှတ်ထား၍နိုင်ငံတစ်ဝန်း ဗုံးကြဲသတ်ဖြတ်​သော အမှုကိုသာ အာရုံစိုက်လုပ်​နေချိန်တွင် ​ရေ​ဘေးက ​ရောက်လာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့မှ မြို့နယ်၄၀ ထက်မနည်း ရေဘေးကြုံတွေ့​နေ​သော်လည်း စက်တင်ဘာလ ၁၁ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာမျက်နှာဖုံးများတွင် ရေဘေးသတိပေးချက်လုံးဝမပါဝင်ပါ။

စစ်​ကောင်စီလက်​အောက်ခံ မိုး​လေဝသနှင့် ဇလ​​ဗေဒဦးစီးဌာနသည်ပင် ၎င်းတို့ရုံးလည်းရှိ​သော ​နေပြည်​တော် ဝန်ကျင်းဆိုးရွာစွာ​ရေကြီး​တော့မည်ကို ကြိုတင်မသိခဲ့ပါ ။ထို​ကြောင့် စက်တင်ဘာ ၁၀ ရက်အထိ စစ်​တောင်းမြစ် ၊ သံလွင်မြစ် ၊ငဝန်မြစ်​ ၊ရေကြီးနိုင်​ကြောင်းသာသတိ​ပေးခဲ့သည်။​နေပြည်​တော်ဝန်းကျင်နှင့်တပ်ကုန်း ၊ရမည်းသင်း စသည့်တို့ ​ရေကြီးလာ​တော့မည်ကို သတိမ​ပေးခဲ့ပါ။

ပဲ နှင့် ချည်မျှင်အထွက်နှုန်းများကောင်း​​နေကြောင်း၊ ဗုဒ္ဓပူဇနိယပွဲတော် ပျော်ရွှင်စွာ ကျင်းပနေကြောင်း၊ သန်းခေါင်စာရင်းကောက်မည်အကြောင်းများသာ မျက်နှာဖုံးတင်ထားသည်။

အမှန်တကယ်တွင် စက်တင်ဘာ ၁၁ ရက် သည် နိုင်ငံနှင့်အဝှမ်း ဆိုးရွားသည့်ရေဘေးကြုံတွေ့နေခြင်းဖြစ်ပြီး စစ်​ကောင်စီ ရုံထိုင်​သော နေပြည်တော် အနီးတဝိုက်တွင်လည်း စံချိန်တင် ရေဘေးကြုံတွေ့နေသည်။ ပုဗ္ဗသိရီ၊ ​ဇေယျာသီရီ ၊ ပျဥ်းမနား ၊ရမည်းသင်း နှင့် တပ်ကုန်းမြို့မှ‌ရေဘေးသင့်ဒေသခံများမှပြည်သူ အချို့သာ ဘေးလွတ်ရာသို့အချိန်မီ ထွက်ပြေးနိုင်ခဲ့သော်လည်း အများစုသည် နေအိမ်များအတွင်း၌ပိတ်မိနေခဲ့သည်။

ကြည့်နေရင်း တရိပ်ရိပ်တက်လာသော ရေများကြောင့် အိမ်ခေါင်မိုးများ၊ သစ်ပင်များပေါ်တက်နေကြရသည်။ နေပြည်တော်သတင်းစုံ၊တပ်ကုန်းသူ/သားတို့ဆုံဆည်းရာ၊ နေပြည်တော်အသိုင်းအဝိုင်းစသည့် facebook လူမှုကွန်ရက်စာမျက်နှာများတွင် ရေဘေးကယ်ဆယ်‌ ရေးအကူအညီတောင်းခံမှုများ ယနေ့တနေကုန် ပလူပျံနေသည်။

အရပ်ဖက်ကယ်ဆယ်ရေးအဖွဲ့များ ၊ပရဟိတအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များတွင်လည်း စက်ပစ္စည်းအင်အား၊ လူအင်အား မလောက်ငကြသလို အချိန်မီလည်း မကယ်ဆယ်နိုင်ခဲ့ကြပေ။ လာရောက်ကယ်တင်ပေးပါရန် အကူအညီတောင်းသူများထံသို့ အချိန်မီရောက်မသွားနိုင်ခဲ့ကြပေ။ ညမိုးချုပ်မှ အကူအညီရသူများရှိသလို အကူအညီမရဘဲ နေအိမ်ခေါင်မိုးများ၊ သစ်ပင်များပေါ်၌ ပိတ်မိနေသူများလည်းရှိသည်။

​နေပြည်​တော်အနီးတဝိုက်ကိုပင် အ​ရေး​ပေါ်ကယ်ဆယ်​ရေး ​​မလုပ်နိုင်သဖြင့် ​ရေကြီးလွှမ်းမိုးမှု ပထမရင်ဆိုင်ရ​သော တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်များ၊ ကလော ၊အောင်ပန်းမြို့နယ်အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်များမှ ပြည်သူများကိုမူ စစ်​ကောင်စီကစာရင်းပင်သွင်းမည်မထင်​ပေ။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရေဘေးတွင် အိမ်အလုံးလိုက်မျောပါသွားသူများ၊ တောင်ကျရေနဲ့မျောပါသေဆုံးသူများ၊ ကယ်ဆယ်ရေးစက်လှေမှောက်၍ကလေးငယ်သေဆုံးမှုများ၊ သစ်ပင်ပေါ်တက်စဉ် ပြုတ်ကျ၍သေဆုံးမှုများရှိနေကြောင်း နေပြည်တော်အသိုင်းအဝိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ကာယကံရှင်မိသားစုဝင်များက ရေသားနေကြသည်။ အသက်လုပြေးနေရသည့်အရေးပေါ်အခြေအနေတွင် သေဆုံးသူစာရင်းကို မသိရှိရသေးပေ။

ပုဗ္ဗသိရိမြို့နယ်အတွင်း သစ်ပင်ပေါ်၌ပိတ်မိနေသူများကို လူမှုရေးအဖွဲ့တစ်ခုကသွားရောက်ကယ်ဆယ်ရာ ရေထဲသို့ ၂ ဦးပြုတ်ကျ သေဆုံးသွားကြောင်း အမျိုးသမီးတစ်ဦးက ငိုယိုပြောဆိုနေသည်ကိုတွေ့ရသည်။ အဖေ၊ ဦးလေး၊ ညီ၊ ညီမ၊ ဒေါ်လေးစသဖြင့် မိသားစု ​ဆွေမျိုးများ ရေစီးနှင့်မျောပါသွား၍ တွေ့ရှိပါကကယ်ဆယ်ပေးကြပါရန် လူမှုကွန်ရက်တွင် ပြည်သူ အချင်းချင်းအကူအညီတောင်းခံကြသည်။

အရှိန်ပြင်းပြင်းစီးနေသည့် နီကျင့်ကျင့်တောင်ကျရေများက ချောင်းကူးတံတားအချို့ကို ချိုးဖျက်သွားခဲ့သည်။ ရေစီးနှင့်အတူ အိမ်မွေးတိရိစ္ဆာန်အချို့နှင့် အိမ်သုံးပစ္စည်းအချို့ မျောပါသွားသည်ကိုတွေ့ရသည်။

အာဏာသိမ်း ခေါင်းဆောင် နှင့်စစ်​ကောင်စီသည် ၎င်းနှင့်အနီးဆုံးနေရာတွင်ရှိနေသည့် ရေဘေးသင့်ပြည်သူများထံသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ ပို့ဆောင်ခြင်းမရှိခဲ့ပေ။ မြင်သာသည့်ကယ်ဆယ်ရေးလုပ်ဆောင်မှုလည်း မတွေ့ရပေ။ NLDပါတီထောက်ခံမှုများသည့်ရွာများကို သွားရောက်မကူညီကြရန် စစ်အုပ်စုလူမှုကွန်ရက်စာမျက်နှာများတွင် လှုံ့​ဆော် ရေးသား​နေကြသည်ကိုပင်​တွေ့ရသည်။

နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကယ်ဆယ်ရန်လိုအပ်နေသော ပြည်သူအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ – CJ

ရေ‌ဘေးသင့်ပြည်သူများ တစ်နေကုန်အသက်လုနေခဲ့ကြရပြီး ညနက်ပိုင်းအထိ ရေက တရိပ်ရိပ်ဆက်‌တက်နေချိန်မှသာ စစ်ကောင်စီက ရေဘေးသတိပေးချက်တခု ထုတ်ပြန်လာသည်။

“ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိသဖြင့် အနိမ့် ပိုင်းဧရိယာများနှင့် ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်ကြပါရန် တိုက်တွန်း နိုးဆော်ချက်” ဟုဆိုကာ စက်တင်ဘာလ ၁၁ ရက်၊ ည ၈နာရီတွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ထိုသတိပေးချက်သည် ၂ရက်တိတိ နောက်ကျခဲ့ပြီဖြစ်သည်။ ညကြီးမင်းကြီးသတိပေးချက်တွင် ကြိုတင်ကာကွယ်ရေးများ မည်သို့မျှမလုပ်တတ်တော့ကြောင်း လူမှုကူညီရေးအဖွဲ့အချို့ကငြီးတွားသည်။

ယာဂီမုန်တိုင်းသည် တရုတ်နှင့်ဗီယက်နမ်နိုင်ငံကို တိုက်ရိုက်ဝင်ရောက်ခဲ့ပြီး မုန်တိုင်းမှအကြွင်းအကျန်တိမ်တိုက်များသည် မြန်မာနိုင်ငံကိုသာမက ထိုင်းနိုင်ငံကိုလည်းဖြတ်သန်းခဲ့သည်။ မြန်မာနိုင်ငံနှင့်နယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင်လည်း ဆိုးရွားသည့်ရေ‌ ဘေးကြုံနေသည်။

ထိုင်းစစ်တပ်သည် ထိုင်းနိုင်ငံ​မြောက်ပိုင်း​ရေကြီး​နေ​သောအခါ မြန်မာများအပါအဝင် ရေဘေးသင့်နေသူများကို ရဟတ်ယာဉ်ဖြင့်လိုက်၍ထမင်းထုပ်များချပေးခဲ့သည်။ ရွှေ့ပြောင်းရန်လိုအပ်သူများကို ရဟတ်ယာဉ်ဖြင့်ကယ်ထုတ်ခဲ့သည်။ လာအိုနိုင်ငံတွင်ပင် ​ရေ​ဘေးကြုံသူများကို အစိုးရက ရဟတ်ယာဥ်များဖြင့်အ​ရေး​ပေါ်ကယ်ဆယ်​ရေးလုပ်ပေး​နေသည်။

စစ်​ကောင်ကမူ ပြည်သူကိုပစ်မှတ်ထား၍ လေကြောင်းမှတိုက်ခိုက်ရန်သာအစဥ်တစိုက်အားထုတ်ခဲ့သည်။ ရဟတ်ယာဥ်များ ​လေယာဥ်များသည် အာဏာသိမ်း စစ်အုပ်စု အာဏာလက်မလွတ်​ရေး အတွက်ပြည်သူများကို သတ်ဖြတ်ရန် တွင်သာအသုံးပြုသည်။ ပြည်သူကိုကယ်တင်ရန် စစ်အုပ်စုက ​လေယာဥ်များ ၊ရဟတ်ယာဥ်များအသုံးပြုရန် စိတ်ကူးပင် ရှိပုံမရ​ပေ ။

အာဏာလု စစ်အုပ်စုက ပြည်သူများအားကယ်တင်ရန် အားမထုတ်သည့် အပြင် ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်က သဘာဝ​ဘေးကြုံလျင် ပြည်သူများကိုကယ်တင်ယာဥ်ရဟတ်ယာဥ်ဝယ်ခဲ့သည်ကိုပင် လူထု​ခေါင်း​ဆောင်​ဒေါ်​အောင်ဆန်းစုကြည်ကို အဂတိလိုက်စားသည်စွပ်စွဲအမှုဆင်၍ ​ထောင်ချခဲ့​သေးသည်။

ယာယီမုန်တိုင်းမှ အကြွင်းအကျန် တိမ်တိုက်များသည် မြန်မာနိုင်ငံအပေါ်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။ မိုးလည်း ဆက်လက်ရွာနေဆဲဖြစ်ပြီး ရေလည်း တရိပ်ရိပ် ဆက်တက်နေဆဲဖြစ်သည်။ ရေလွှမ်းမိုးမှု ဧရိယာပိုမိုကျယ်ပြန့်လာပြီး မြန်မာ့ရေဘေးသည့် အနီရောင်အဆင့်သတိပေးချက်ဖြစ်ပြီဟုမိုး​လေဝသ ကျွမ်းကျင်သူအချို့က​ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများသည် ယခုဆောင်းပါးရေးနေချိန် စက်တင်ဘာလ ၁၁ရက်၊ည ၁၂ နာရီခန့်အထိအရေးပေါ်အကူအညီများတောင်းခံနေဆဲဖြစ်သည်။

ယခု​ရေ​ဘေးက မင်း​အောင်လှိုင် ဦး​ဆောင်​​သော စစ်​ကောင်စီသည် ပြည်သူ့အသက်ကို တန်ဖိုးမထားတက်သလို ၊ အစိုးရလုပ်လို​သော်လည်း အုပ်ချုပ်ရန် အရည်အချင်း​ရော၊ ​စေတနာပါ မရှိ​သော အကြမ်းဖက်အုပ်စုသာဖြစ်သည်ဆိုသည်ကိုထင်ရှား​စေခဲ့သည်။

ယာဂီမုန်တိုင်းကြောင့် တရုတ်နိုင်ငံတွင် လူသေဆုံးမှုနည်းပါခဲ့သော်လည်း ဗီယက်နမ်နိုင်ငံတွင် ၁၄၀ ထက်မနည်းသေဆုံးခဲ့သည်။ ထိုင်းနိုင်ငံတွင် ယနေ့ညအထိစာရင်းများအရ လေးဦးသေဆုံးထားကြောင်း သတင်းများကဆိုသည်။ စစ်အာဏာရှင်လက်အောက်မှ မြန်မာနိုင်ငံတွင်မူ ရေဘေးကြောင့်သေဆုံးသူစာရင်းများ ပျောက်ဆုံးနေဆဲဖြစ်သည်။

” ရေဘေးမှာ သေဆုံးသွားသူတွေကအဲ့ဒီသကောင့်သားကို ကျိန်စာတိုက်သွားလိမ့်မယ်။ တော်တော်ကို သောက်သုံးမကျတဲ့ အကောင်”

တပ်ကုန်းမြို့နယ်ရေဘေးတွင် နေအိမ်ခေါင်မိုးပေါ်၌ သုံးနာရီကြာနေခဲ့ရသည့် အမျိုးသမီးတစ်ဦးကအာဏာသိမ်းခေါင်းဆောင် မင်း​အောင်လှိုင်အားရည်ညွှန်း၍ ဒေါသတကြီးပြော​လိုက်ပါသည်။

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English