စစ်ကောင်စီဟာ ပြည်တွင်းမှာသာမက ပြည်ပကလူတွေကိုပါ ပေါ်တာဆွဲနေပါပြီ။ထိုင်းနိုင်ငံမှာ တရားမဝင်လုပ်ကိုင်နေတဲ့အလုပ်သမားတွေကို ထိုင်းဘက်ကစစ်ကောင်စီလက်ထဲ ဒီရက်ပိုင်းပြန်လွဲပေးနေတယ်။ထိုအလုပ်သမားတွေကို စစ်ကောင်စီကနေရပ်ပြန်မပို့ပဲ စစ်တပ်ထဲကိုစစ်မှုထမ်းဖို့ ခေါ်သွားပါတော့တယ်။ထိုင်းဘက်ကပြန်ပို့တဲ့အရေအတွက်ဟာ ထောင်ဂဏန်းကိုအတော်လေးကျော်ပါတယ်။ထိုလူတွေအားလုံး စစ်တပ်ထဲရောက်ကုန်ကြတယ်။
တနေ့ကဆို ထိုကဲ့သို့စစ်တပ်ကဖမ်းဆီးသွားခြင်းခံရတဲ့လူငယ်လေးတွေဟာ အစောင့်စစ်သားနှစ်ဦးကိုသတ်ဖြတ်ပြီး တော်လှန်ရေးနယ်မြေထဲခိုလှုံလာကြတယ်လို့သိရတယ်။ဒီတိုင်းဆိုရင် စစ်တပ်ရဲ့ပေါ်တာဆွဲမှုတွေဟာ အတော်ကိုဆိုးဆိုးရွားရွားဖြစ်လာပါပြီ။