စစ်ကောင်စီဟာ TNLA MNDAA AAတို့ကို အကြမ်းဖက်အဖြစ် ကြေညာပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများကို သူတို့ တိုက်ချင်သည့်ပုံစံဖြင့် အရပ်သားပစ်မှတ်များကို ခွဲခြားမှုမပြုဘဲ ပိုမို တိုက်ခိုက်လာနေပါတယ်။ လက်လွှတ်ထားရသည့်နယ်မြေများအား ပြန်လည်ထိုးစစ်ဆင်ရာတွင် သတင်းရရှိမှုအခြေအနေ အရပ်ရပ်ပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်နယ်မြေများရှိ ဒေသခံ များက စစ်ကောင်စီ၏လေကြောင်းအန္တရာယ်ကို ပိုမိုစိုးရိမ်လာရတယ်။ သူတို့ ဆုံးရှုံးထားတဲ့မြို့ရွာတွေကို ပြန်လည်တိုက်ခိုက်ရန်မှာလည်း လေကြောင်းသာရှိလို့ လေကြောင်းဖြင့် တိုက်ခိုက်နေခြင်းဖြစ်တယ်။ ကရင်နီမှာဆိုရင် စစ်ရှောင်စခန်း တည့်တည့်ကိုပါ ဗုံးကြဲသွားတယ်။ စစ်ကောင်စီအနေနဲ့ အခုလိုပြုလုပ်နေတာဟာ နိုင်ငံရေး စစ်ရေး အကျိုးအမြတ် ဘာတစ်ခုမှ မရပဲ တော်လှန်ရေးအဖွဲ့တွေရဲ့ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ရည်မှန်းချက်ကိုသာ ပိုမိုခိုင်မာစေမှာပါ။ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ပြည်သူတွေကတော့ ဒီကာလမှာ ကျီးလန့်စာစားနေရတာပေါ့။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


