ပြည်တွင်းကစီးပွားရေးအကြပ်အတည်းတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားဟာပြည်ပထွက်ပြီးရရာအလုပ်ကို လုပ်ကိုင်နေကြရပါတယ်။ရန်ကုန်လေဆိပ်မှာဆို ပြည်ပထွက်ခွာနေတဲ့လူငယ်တွေနေ့စဉ်ဆိုသလိုတွေ့နေရတယ်။အခုတော့ထိုသူတွေကိုလဲ စစ်ကောင်စီကအလွတ်မပေးတော့ပါဘူး။ပြည်ပကိုအလုပ်လုပ်ဖို့သွားရောက်မယ့်လူငယ်တွေကို ရန်ကုန်လေဆိပ်မှာ တင်းတင်းကျပ်ကျပ်စစ်ဆေးနေပါပြီ။အလည်အပတ်ပတ်စပို့နဲ့ထွက်ခွာမယ့်သူတွေကို အဓိကထားစစ်ဆေးနေတာပါ။စစ်ကောင်စီဟာပတ်စပို့ကိုပုံမှန်အားဖြင့် အလည်အပတ်ပတ်စပို့နဲ့အလုပ်အကိုင်ပတ်စပို့ဆိုပြီး ခွဲခြားထားတယ်။အလည်အပတ်ပတ်စပို့နဲ့နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ရင်စစ်ကောင်စီကကောက်ခံတဲ့အခွန်ကို ရှောင်လို့ရတယ်လေ။
အလုပ်အကိုင်ပတ်စပို့နဲ့အလုပ်လုပ်နေတဲ့သူတွေဆီကလဲ သူတို့လုပ်အားခကိုမတရားခေါင်းပုံဖြတ်နေပါတယ်။စစ်ကောင်စီကို လုပ်အားခထဲကတစ်ဆယ်ရာခိုင်နှုန်းအခွန်ဆောင်ရပါတယ်။ဒါ့အပြင်ဝင်ငွေထဲက နှစ်ဆယ့်ငါးရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ်ဒေါ်လာစျေး၂၁၀၀နဲ့ဖြတ်ယူပါတယ်။ပြင်ပပေါက်စျေးငါးထောင်ခန့်ဖြစ်နေချိန်မှာ ၂၁၀၀နဲ့ဖြတ်ယူတာဟာရွေ့ပြောင်းအလုပ်သမားတွေအတွက် အရမ်းကိုနစ်နာပါတယ်။ထိုကဲ့သို့စစ်ကောင်စီကိုမလွှဲရင် ပတ်စပို့ဖျက်သိမ်းအထိအရေးယူမယ်လို့ ခြိမ်းခြောက်ထားသေးတယ်။ဒေါ်လာလိုနေတဲ့ စစ်ကောင်စီဟာပြည်ပကအလုပ်သမားတွေဆီကနေ ထိုနည်းနဲ့ဓမြတိုက်နေတာပါ။အခုတော့အခွန်ရှောင်လို့ရတဲ့ PVသမားတွေကိုပါပစ်မှတ်ထားလာပါပြီ။