ရှမ်းမြောက်မှာ တိုက်ပွဲတွေပြင်းထန်နေဆဲမှာပဲ ချင်းပြည်နယ် မတူပီမြို့ကို ချင်းညီနောင်အဖွဲ့က အပြီး သတ် သိမ်းပိုက်ထိန်းချုပ်နိုင်လိုက်ပါတယ်။ ချင်းညီနောင်အဖွဲ့ဟာ မတူပီမြို့သိမ်းတိုက်ပွဲကို ဇွန်လ ၉ရက် က စတင်ခဲ့ရာ သုံးပတ်အကြာတွင် မြို့တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်တယ်။ ချင်းညီနောင်အနေနဲ့ မတူပီမြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်မှာ ချင်းပြည်ကောင်စီ တပ်ပေါင်းစုနှင့် တစ်ပတ်ခန့်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့သေးလို့ မတူပီ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေး ကြန့်ကြာခဲ့ရတယ်။မတူပီမြို့စွန့်လွှတ်ရတဲ့ စစ်ကောင်စီ ကတော့ အနီးရှိ မင်းတပ်မြို့ကို ရဟတ်ယာဉ်တွေနဲ့အင်အားဖြည့်တင်းနေတယ်။ စစ်ထောက်ပို့ ရဟတ်ယာဥ် ၇ ကြိမ်ဆင်းပြီး စခ အင်အား ၁၅၀ခန့် တိုးမြှင့်ကာ ရိက္ခာနှင့် လက်နက်ခဲယမ်းများလည်း ပို့ဆောင်ပေးကြတယ်လို့ သိရတယ်။ ချင်းညီနောင်အဖွဲ့ကတော့ ချင်းပြည်နယ်အတွင်း ကျန်နေသည့် စစ်ကောင်စီတပ်အားလုံးကို တိုက်ခိုက်သွားမည်ဟု အသိပေးထားတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


