ထိုဒေသမှာ ၁၀၂၇ စစ်ဆင်ရေးပြီးနောက် တရုတ်ရဲ့ကြားဝင်မှုနဲ့ နှစ်ဘက်အပစ်ရပ်ထားတာပါ။ အပစ်ရပ် ပေမယ့် စစ်ကောင်စီဘက်က သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး မြောက်ပိုင်းသုံးဖွဲ့တပ်တွေ ရှိတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ အကြိမ်ကြိရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တင်းမာမှုတွေ မြင့်တက်နေပါတယ်။မ်ပစ်ခတ်နေခဲ့တယ်။ စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေ ကိုလဲ မြောက်ပိုင်းအဖွဲ့တွေက အကြိမ်ကြိမ်ထုတ်ပြန်သတိပေးခဲ့တယ်။ ဒီလထဲမှာတော့ရှမ်းမြောက်မှာ စစ်ကောင်စီအကြီးအကျယ်စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်လာတယ်။ လူအင်အား၊ လက်နက်အင်အား များစွာဖြည့်တင်းလာတယ်။ အခုလောလောဆယ် လားရှိုးမှာအင်အား ၅၀၀၀ ခန့်အထိ စုစည်းထားပြီး ဒရုန်းစီးရေများစွာကိုလဲ ပြင်ဆင်ထားတယ်လို့သိရတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဘက်ကလဲ လားရှိုးမြို့အနီးမှာ အင်အားတိုးမြင့်ထားပြီး စစ်ရေးပြင်ဆင်မှုတွေပြုလုပ်နေတယ်။ ဒေသခံတွေကတော့ ဆက်နေရမလိုစစ်ပြေးရမလိုနဲ့ ဝေခွဲမရဖြစ်နေကြတယ်။
ဒီဇင်ဘာ ၂၁၊ ၂၀၂၄။ (စနေ)
ချင်းပြည်နယ်မှာလဲမင်းတပ်မြို့ကို တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက်ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပါပြီ။မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလဲလက်နက်ကြီးတွေအပါအဝင် လက်နက်အများအပြားနဲ့စစ်သူပုန်ရာချီပြီးဖမ်းဆီးရမိခဲ့တယ်။မှတ်တမ်းဓာတ်ပုံတွေအရ ချင်းပြည်နယ်ထဲကတိုက်ပွဲတွေမှာ...