ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးပြီးနောက် ဒီတခေါက်အလှည့်ကျလာသူတွေကတော့ နိုင်ငံရပ်ခြားမှာ ကွန်ဒိုတွေမြေတွေ ဝယ်ထားသူတွေပါ။ စစ်ကောင်စီဟာ ဘန်ကောက်မှာ ကွန်ဒိုတွေ ဝယ်ထားသူတွေကို လိုက်လံစုံစမ်းနေပြီး ဖမ်းဆီးဖို့စာရင်းကောက်နေတယ်လို့သိရတယ်။ ပြည်တွင်းမှာ ဘာပိုင်ဆိုင်မှုမှ ခိုင်မာမှုမရှိတဲ့အတွက် ငွေကြေးချမ်းသာသူတွေဟာ သူတို့ငွေတွေကိုပြည်ပကို ရွှေ့ပြီးတစ်ခုခုဝယ်ထား ကြတယ်။ အများစုကတော့ ဘန်ကောက်မှာ ကွန်ဒိုတွေဝယ်ထားကြတာပေါ့။ ဘယ်လောက်တောင်များလဲ ဆိုရင်ဘန်ကောက်ကွန်ဒိုစျေးကွက်ရဲ့ အရောင်းအများဆုံးနိုင်ငံစာရင်းမှာ မြန်မာကနံပါတ်၂ချိတ်နေပြီ။ ပြည်တွင်းကဒေါ်လာတွေ အပြင်ထွက်မှာသေမလောက်ကြောက်နေတဲ့စစ်ကောင်စီဟာ အခုတော့ ဘန်ကောက်မှာ ကွန်ဒိုဝယ်ထားသူတွေဘက်လှည့်လာပြီ။ ထိုင်းနိုင်ငံထဲ ကွန်ဒိုဝယ်ထားကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီက ထိုင်းအစိုးရထံ တောင်းတယ်။ ထိုင်းအစိုးရကလဲပေးလိုက်တယ်လို့သိရတယ်။ ထိုင်းနိုင်ငံထဲကွန်ဒိုဝယ်ထားကြတဲ့ မြန်မာနိုင်ငံသား အရေအတွက် ၃၅၀ လောက်ကို ဖမ်းဆီးဖို့စစ်ကောင်စီက ပြင်ဆင်နေလို့သိရတယ်။ စစ်တပ်စစ်လက်နက် ရင်းမြစ်အတွက် ဒေါ်လာလိုအပ်ချက်မြင့်တက်လာတဲ့ စစ်ကောင်စီဟာ သူတို့ကိုဖမ်းပြီးတော့ ငွေညစ်ဖို့၊ ဒေါ်လာဓားမြတိုက်ဖို့လုပ်မှာပဲ။ နာမည်စာရင်းပါထားတဲ့သူတွေကတော့ ဒီချိန်ကျမှ ဘယ်မှပြေးလို့မရ လောက်ပါဘူး။ တော်လှန်ရေးဆိုတာ ဘာမှန်းမသိတဲ့လူတန်းစားတွေ အများစုဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။ မင်းအောင်လှိုင်လက်ထက်မှာ ဘယ်လိုလူတန်းစားမှ မလွတ်ဘူးဆိုတာ သိသွားကြ ပေ့ါလေ။