ဘင်္ဂလားပင်လယ်အော်ထဲကမုန်တိုင်းရဲ့ အရှိန်ကြောင့်တနိုင်ငံလုံးမှာ မိုးတွေစရွာလာပြီ။ ပူပြင်းလှတဲ့ဒီ နွေရာသီရဲ့ဒုက္ခက ပြည်သူတွေခဏတာ လွတ်မြောက်သွားတာပေါ့။ မုတ်သုန်လေပါ တခါထဲဝင်လာမယ် လို့ မျှော်လင့်ရတာပဲ။ ဒီနွေရာသီကတော့ အတော့်ကို ပူပြင်းလှပါတယ်။ လျှပ်စစ်မီး ပျက်တောက်တဲ့ ဒဏ်ကလဲ တစ်နှစ်ထက်တနှစ်ပိုမိုဆိုးရွာလာတယ်။ နောက်ဆုံးသတင်အရတော့ စက်မှုဇုန်တွေကို တစ်နေ့နှစ်နာရီသာမီးပေးတော့မယ်လို့သိရတယ်။ စက်ရုံတွေကတော့ တနေကုန် မီးစက်မောင်းပေါ့။ လက်ရှိဆီစျေးကြောင့် မီးစက်မမောင်းနိုင်တဲ့စက်ရုံတွေ ရပ်နားသွားကြတယ်။ ဆက်လည်ပတ်နေတဲ့ လုပ်ငန်းတွေကလဲ ကုန်ထုတ်လုပ်မှုစားရိတ်အပေါ် မီးစက်ဆီဖိုးထပ်ပေါင်းတော့ ကုန်ပစ္စည်းတွေ စျေး ပိုတက်ကုန်တာပေါ့။ ဒီလိုနဲ့ပဲ သံသရာလည် နေတော့တာပါပဲ။ မိုးကျလာရင်တော့ ဒီဒုက္ခတွေ လျော့ပါးသွားမယ်လို့ထင်ရတာပဲ။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


