ကချင်ပြည်နယ်မှာ KIAကစစ်ကောင်စီကို ထိုးစစ်ကြီးတစ်ခုစတင်လိုက်ပါပြီ။ KIA ဟာမဟာမိတ်တပ်များဖြစ်သည့် ရက္ခိုင့်တပ်တော် AA၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ဒေသခံ ကချင် PDF (KPDF) တို့နှင့်အတူ ကချင်ပြည်နယ်မှ စစ်ကောင်စီတပ်စခန်းများကို မနေ့နံနက်ပိုင်းက တစ်ပြိုင်တည်း စတင်တိုက်ခိုက်ခြင်းဖြင့် စစ်ကောင်စီကိုထိုးစစ်ဆင်လိုက်ပြီ။ ထိုထိုးစစ်ကိုKIAကအမည်မတပ်ထားပေမယ့် အများကတော့၀၃၀၇စစ်ဆင်ရေးလို့ နာမည်ပေးထားကြတယ်။
KIAဟာ ဌာနချုပ် လိုင်ဇာနှင့် အနီးဆုံးနေရာတွင်ရှိသော စစ်ကောင်စီတပ်စခန်းတွေကို ဦးစွာတိုက်ခိုက်နေတယ်။ဒါ့အပြင် ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ စစ်ကောင်စီလေတပ်စခန်း၊ ဝိုင်းမော်၊ ဒေါ့ဖုန်းယန်၊ ဗန်းမော် စသည့်မြို့များမှ စစ်စခန်းများကိုလည်းတိုက်ခိုက်နေတယ်။ စစ်ကောင်စီကလဲလက်တုံ့ပြန်သည့်အနေဖြင့် KIAဌာနချုပ်လိုင်ဇာမြို့နှင့်အနီးတစ်ဝိုက်ကို လေကြောင်း၊လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်နေပြီး စစ်တပ်ပစ်သည့်လက်နက်ကြီးများသည် လိုင်ဇာမြို့တွင်းနှင့် လိုင်ဇာနှင့်ကပ်နေသည့် တရုတ်ပိုင်နက်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့တယ်။ စစ်ကောင်စီတပ်တွေဟာ လိုင်ဇာမြို့ကို အပေါ်စီးမှ မြင်ရသည့် တောင်ပေါ်အခြေစိုက် တပ်စခန်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေတာပါ။ ဒါ့ကြောင့်လဲKIAကထိုစခန််းတွေကို သိမ်းပိုက်နိုင်ရေး ဦးစားပေးထိုးစစ်ဆင်လျက်ရှိတယ်။အခုတစ်ခေါက်KIAရဲ့ထိုးစစ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ပထမဆုံးတပြိုင်နက်ထိုးစစ်ဆင်မှုလို့ပြောလို့ရတယ်။