စစ်ကောင်စီနဲ့မြောက်ပိုင်းညီနောင်၃ဖွဲ့တို့ဟာတရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့သဘောတူဆွေးနွေးပွဲကိုထပ်မံပြုလုပ်ခဲ့ကြတယ်။မနေ့ကပြုလုပ်တဲ့ဆွေးနွေးပွဲမှာတော့နှစ်ဖက်တပ်တွေသဘောတူညီထားတဲ့နယ်မြေများမှရှေ့ဆက်မတိုးဘဲတပ်ချင်းခွာထားဖို့သဘောတူညီခဲ့ကြတယ်။ဒါ့အပြင်MNDAAအားရှမ်းပြည်နယ်ကိုးကန့်အထူးဒေသ၏တရားဝင်အစိုးရအဖြစ်လည်းကောင်း၊ညီနောင်၃ဖွဲ့သိမ်းယူထားတဲ့နယ်မြေတွေကိုသူတို့အပိုင်အဖြစ်စစ်ကောင်စီကအသိအမှတ်ပြုပေးဖို့လဲပါတယ်။နယ်စပ်ကုန်သွယ်ရေးတွေပြန်လည်စတင်ဖို့လဲဆွေးနွေးခဲ့ကြပြီးတရုတ်နိုင်ငံနှင့်ကူးသန်းသွားလာမယ့်ကုန်စည်တွေအပေါ်အခွန်ကောက်ခံရရှိငွေရဲ့၇၀ရာခိုင်နှုန်းကိုညီနောင်မဟာမိတ်အဖွဲ့တွေကရယူမှာဖြစ်ပြီးစစ်ကောင်စီကကျန်တဲ့၃၀ရာခိုင်နှုန်းကိုရယူမယ်လို့သဘောတူညီထားတယ်လို့သိရတယ်။ဒီအချက်တွေကိုအကြေအလည်ဆွေးနွေးကြပြီးရင်တော့တရုတ်နိုင်ငံနဲ့နယ်စပ်ကုန်သွယ်ရေးပြန်ဖြစ်လာမယ်လို့မျှော်လင့်ကြတယ်။အခုအချိန်ထိတော့တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေးဟာ၁၀၂၇စစ်ဆင်ရေးစကတည်းကရပ်တန့်လျက်ရှိနေတယ်။
အထက်ပါသဘောတူညီချက်တွေဟာရှမ်းပြည်မြောက်ပိုင်းအတွက်သာသက်ဆိုင်ပြီးတိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်အတွက်မသက်ဆိုင်ဘူးလို့အေအေတပ်တော်ကထုတ်ပြောထားတယ်။သဘောကတော့ရခိုင်ပြည်နယ်မှာအေအေနဲ့စစ်ကောင်စီတို့မီးကုန်ယမ်းကုန်ဆက်လက်တိုက်ပွဲဝင်ကြဦးမှာပေါ့။