ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်း ဈေးအတွင်းသို့ စစ်ကောင်စီရေတပ် စစ်သင်္ဘော မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦးသေဆုံးကာ ၈၀ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။ ကိုးရီးယားဆိပ်ကမ်း ဈေးအတွင်းသို့ နံနက် ၈ နာရီ ၁၀ မိနစ် ခန့် လူစည်ကားချိန်တွင် စစ်ကောင်စီရေတပ်မှ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ပြီး ဈေးသည်နှင့် ဈေး လာဝယ်သူ ၁၂ ဦးသေဆုံးကာ အရပ်သား ၃၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၅၀ ဦးနီးပါး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း AA မှထုတ်ပြန်ထားတယ်။ လက်ရှိတွင် ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံဆေးခန်းများနှင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရတယ်။စစ်တွေမှာတိုက်ပွဲတွေဖြစ်ပွားမှုလုံးဝမရှိသေးတဲ့အချိန်ထိုလုပ်ရပ်ဟာ လူအစုလိုက်အပြုံလိုက်သေဆုံးစေရန် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းဖြစ်ပြီး စစ်ရာဇ ဝတ်မှုကို ပြောင်ပြောင်တင်းတင်းဇက်ရဲလက်ရဲကျူးလွန်လိုက်ခြင်းဖြစ်တယ်။စစ်ကောင်စီကတော့ထိုလုပ်ရပ်ကိုအေအေကကျုးလွန်တာလို့တန်ပြန်သတင်းထုတ်ပြန်ထားတယ်။ဒီလိုစစ်ရာဇဝတ်မှုတွေကိုအမြဲလုပ်တတ်ပီးတခြားအဖွဲ့အစည်းကိုမျက်နှာပြောင်တိုက်လွဲချတတ်တာစစ်ကောင်စီလုပ်နေကြအလုပ်တွေပဲ။လက်ရှိမှာလဲအေအေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုစစ်တွေမြို့ပေါ်ရှိစစ်ကောင်စီအထိုင်တပ်စခန်းများမှလက်နက်ကြီးများဖြင့် နေ့စဉ် အကြိမ်ရေရာနှင့်ချီကာပစ်ခတ်နေတယ်လို့သိရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


