Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဖေဖော်ဝါရီ ၀၆၊ ၂၀၂၄။ (အင်္ဂါ)

February 6, 2024
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်ထဲကတိုက်ပွဲတွေအတွင်းမှာအေအေတပ်တော်ကစစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့ပါတယ်။တောတွင်းတနေရာမှာပျက်ကျနေတဲ့ရဟတ်ယာဉ်နဲ့ရိုက်ထားတဲ့အေအေစစ်သားတွေရဲ့ဓတ်ပုံကိုအေအေကထုတ်ပြန်ထားတယ်။ထိုရဟတ်ယာဉ်မှာပလက်ဝဒေသတိုက်ပွဲတွေမှာအေအေကပစ်ချနိုင်လိုက်တာလို့သိရတယ်။ဒါ့ကြောင့်စစ်ကောင်စီရဲ့လေတပ်ရဲ့တိုက်လေယာဉ်နဲ့ရဟတ်ယာဉ်တွေကိုပစ်ချနိုင်တဲ့အဖွဲ့တွေထဲမှာရခိုင်ကအေအေတပ်တော်ပါဝင်လာတယ်။
တကယ်တော့၂၀၂၄ဟာစစ်ကောင်စီလေတပ်အတွက်ကြမ္မာငင်တဲ့နှစ်လို့ပြောလို့ရတယ်။ဒီနှစ်
ဆန်းမှာတင်လေတပ်ရဲ့လေယာဉ်ရဟတ်ယာဉ်ငါးစီးခန့်ပျက်ကျသို့မဟုတ်ဖျက်ချခြင်းခံလိုက်ရတယ်။ဇန်နဝါရီလ၃ရက်နေ့မှာပဲကချင်ပြည်နယ်မှာရဟတ်ယာဉ်တစ်စီး၊ပြီးတော့ရှမ်းမြောက်နမ့်ဖက်ကာမှာတိုက်လေယာဉ်တစ်စီး၊အိန္ဒိယမှာထွက်ပြေးသွားတဲ့စစ်သူပုန်တွေကိုသွားကြိုတဲ့လေယာဉ်တစ်စီးလဲသုံးပိုင်းကျိုးသွားသေးတယ်။မကြာသေးခင်ကပဲကရင်ပြည်နယ်မှာVIPရဟတ်ယာဉ်တစ်စီးပစ်ချခံလိုက်ရသေးတယ်။အခုလဲအေအေကတစ်စီးပစ်ချထားတယ်။နွေဦးတော်လှန်ရေးကာလအတွင်းပျက်ကျပစ်ချခံလိုက်ရတဲ့အရေအတွက်တွေပါထည့်ပေါင်းမယ်ဆိုရင်စစ်ကောင်စီဘက်ကဆုံးရှုံးသွားတာ၁၀စီးကျော်ရှိနေပါပြီ။

Related Posts

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)

December 6, 2025

မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့​​စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၅၊ ၂၀၂၅။ (သောကြာ)

December 5, 2025

စစ်ကော်မရှင်ကအသဲအသန်အလိုရှိနေတဲ့လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းနဲ့အခြားသပိတ်ခေါင်းဆောင်နှစ်ဦးဟာဒီနေ့မနက်အစောပိုင်းမှာမန္တလေးမြို့ရဲ့လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့စျေးချိုတော်မှာလက်ကမ်းစာစောင်တွေကြဲပြီးလျက်တပြတ်ဆန္ဒပြခဲ့ပါတယ်။သူတို့ဟာအချိန်တိုလေးအတွင်းမှာပဲစစ်ကောင်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြရန်၊လာမယ့်ဒီဇင်ဘာလ၁၀ရက်နေ့မှပြုလုပ်မယ့်အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ပေးကြဖို့ပြောသွားတယ်။ ဒေါက်တာတေဇာဆန်းဟာနာမည်ကြီးသပိ​တ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီးအရင်ကလဲမန္တလေးမြို့ထဲထိဝင်ကာဆန္ဒပြခဲ့ဖူးတယ်။စစ်ကော်မရှင်ကအပြည့်အဝထိန်းချုပ်ထားတဲ့​မန္တလေးလိုမြို့လည်ခေါင်မှာဆန္ဒပြရဲတဲ့သတ္တိကတော့လေးစားစရာပဲ။

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၄၊ ၂၀၂၅။ (ကြာသပတေး)

December 4, 2025

TNLA စစ်ဦးစီးချုပ်ကမိုးမိတ်နဲ့မိုးကုတ်မြို့တွေကိုစစ်ကော်မရှင်ထံပြန်ပေးရတဲ့အတွက်အကြောင်းပြချက်တွေနဲ့တကွဆိုရှယ်မီဒီယာမှတဆင့်ပြည်သူကိုတောင်းပန်စကားဆိုပါတယ်။သူပေးတဲ့အကြောင်းပြချက်တွေထဲမှာတရုတ်ဖိအားတွေ၊လူအင်အားလက်နက်အင်အားနည်းပါးလာတာတွေ၊လက်နက်အကြွေးဒေါ်လာဘီလီယံနဲ့ချီပြီးတင်နေတာတွေပါဝင်တယ်။ဒါပေမယ့်မိုးကုတ်မြို့ကတွင်းထွက်ရတနာတွေကိုဂေါက်ကွင်းပါမချန်တူးဖော်ပြီးဒေါ်လာသန်းပေါင်းများစွာရရှိသွားတဲ့အကြောင်းတော့ထည့်မပြောသွားပါဘူး။ TLNA စစ်ဦးစီးချုပ်ရဲ့စကားတွေမှာပြည်သူတွေကျေနပ်စေမယ့်အချက်တွေလဲမပါဝင်ခဲ့ပါဘူး။TLNAဟာတရုတ်ရဲ့ဖိအားကြောင့်စစ်ကော်မရှင်နဲ့အပစ်ရပ်ခဲ့တာကိုပြည်သူတွေနားလည်ပေးခဲ့တယ်။မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုပြန်ပေးဖို့သဘောတူခဲ့တဲ့အထိနားလည်ပေးခဲ့တယ်။ဒါပေမယ့်ထိုမြို့တွေကိုNUGလက်အောက်ခံPDFတပ်တွေအစွမ်းကုန်ကာကွယ်သွားမယ်လို့ထုတ်ပြန်ပြီးချိန်မှာTLNAကိုယ်တိုင်စစ်တပ်​ကိုခေါ်သွင်းလာတဲ့အချက်ကိုတော့ဘယ်လိုမှနားလည်ပေးလို့မရပါဘူး။ထိုအချက်နဲ့ပတ်သက်ပြီးTLNAစစ်ဦးစီးချုပ်ကဘာဖြေရှင်းချက်မှပေးမသွားပါဘူး။ဒါ့ကြောင့်သူတို့ဘာပဲပြောပြောသူတို့လုပ်ရပ်တွေကိုသမိုင်းမှာမှတ်တမ်းတင်သွားမှာပါ။

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English