လက်ရှိအခြေအနေတွေအရမှန်းဆရမယ်ဆိုရင်တော်လှန်ရေးကထင်သလောက်မလွယ်သေးပါဘူး။ ဒါပေမယ့်လည်းအရမ်းခက်နေတာမျိုးမဟုတ်ပြန်ဘူး။ထင်သလောက်မလွယ်ဘူးဆိုတာကစစ်ရေးပိုင်းမှာ အရှိန်ကျသွားလို့၊ကိုယ့်ဖက်ကအင်အားနည်းလာလို့၊ကိုယ့်ဖက်ကဦးဆောင်မှုနည်းလို့စသဖြင့်အဲဒါတွေကြောင့် တခုမှမဟုတ်ပါဘူး။စစ်ရေးအရှိန်ရော၊ကိုယ့်ဖက်က အင်အားစုဖွဲ့မှုရော၊ဦးဆောင်မှုရောက သမိုင်းတခေတ်မှာဒီလောက်မရှိခဲ့ဖူးလို့ပြောရဲတယ်။ဒါဆိုဘာလို့ထင်သလောက်မလွယ်သေးလို့ပြောရလဲဆိုစစ်တပ်စစ်ခေါင်းဆောင်တွေ အသုံးမကျပေမယ့်လည်းစစ်တပ်က လက်နက်အား၊လေကြောင်း၊ ရေကြောင်းနဲ့ခုခံစစ်အတွက် ဗျူဟာကျတဲ့နေရာတွေစခန်းတွေရှိထားပြင်ထားတာကြောင့်တချို့နေရာတွေမှာအရမ်းကိုအားစိုက်နေရတယ်။
အဲဒီအပိုင်းတွေမှာ ကိုယ့်ဖက်စိတ်ရှည်ရှည်နဲ့ အားစိုက်ပြီးရေကုန်ရေခမ်း တိုက်နေရတယ်။ဥပမာ နမ့်ခမ်းဆို TNLA ကရက်ပေါင်း ၄၀ ကျော်မကဘူးတိုက်ခိုက် သိမ်းယူလိုက်ရတယ်။ထီးချိုင့်မှာ ရက်ပေါင်း ၄၀ ကျော်နေပြီ။အခုထိမရသေးဘူး။AA က ပလက်ဝထဲဗျူဟာကုန်း စခန်းတွေကိုရက်ပေါင်း ၂၀ ကျော်တိုက်ရတယ်။ပြောလိုတာ ကိုယ့်ဖက်အားစိုက်လည်းစစ်တပ်က လက်နက်ကြီးတွေရော၊လေကြောင်းပစ်ကူရော ဗျုဟာအရအသာရနေရာမှာခံစစ်ပြင်ထားတော့အဲနေရာတွေမှာဆိုရက်ပေါင်းများစွာမီးကုန်ယမ်းကုန်တိုက်ယူနေရတယ်။စစ်တပ်ကအဲလိုပြင်ထားတဲ့စခန်းတွေမြို့ရွာတွေအများအပြားရှိနိုင်သေးလို့ထင်သလောက်မလွယ်သေးဘူးလို့ပြောရတာပါ။ မလွယ်သေးဆိုပေမယ့်အရမ်းခက်ခဲနေတာမျိုးတော့မဟုတ်ပါဘူး။တဖြည်းဖြည်းနဲ့ စစ်တပ်ကို လုံးပါးပါးဖြစ်လာအောင် ချိနှဲ့လာအောင် နေရာစုံတိုက်ခိုက်နေတာဖြစ်လို့ အချိန်တခုပေးဖို့ လိုအပ်သလို စစ်လက်နက်ရင်းမြစ်ပိုပြီးတော့ လုံလောက်ဖို့ လိုပြန်တယ်။စစ်သားတွေဟာသေမှာကြောက်လို့အလင်းဝင် အညံ့ခံသူများလာမယ်ဆိုစစ်တပ်ကပြိုလဲချင် ခဏလေးနဲ့ ပြိုလဲနိုင်ပြီးမပြိုလဲဘူးဆို စစ်ခေါင်းဆောင်တွေကဘယ်နည်းနဲ့မဆိုတောင့်ခံနေမှာဖြစ်တယ်။ဒါကြောင့်စစ်တပ်ဟာအလိုလိုပြိုကျမှာထပ်ဒီထပ်ပိုပြီးစစ်ရေးအရှိန် ပိုမြင့်နိုင်ဖို့လိုအပ်တယ်။ပြည်သူတွေ ပိုအားစိုက်ပေးမှ ဖြစ်လိမ့်မယ်။