မနေ့ကလောက်ကိုင်မှာလက်နက်ချလိုက်တဲ့စစ်ကောင်စီတပ်ဖွဲ့ထဲမှာရာထူးအကြီးဆုံးအဖြစ်ဗိုလ်မှုးချုပ်ခြောက်ဦးအထိပါဝင်လာတယ်။ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခုလုံးလက်နက်ချမှုကိုသူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တာလား၊နေပြည်တော်ကခွင့်ပြုချက်ရခဲ့လားဆိုတာတော့ရှင်းရှင်းလင်းလင်းမသိရသေးဘူး။စစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်းကတော့တပ်မိသားစုဝင်တွေရဲ့အသက်အန္တရာယ်ကိုထောက်ထားပြီးလက်နက်ချခဲ့တာလို့အရှက်ပြေပြောလာတယ်။သူတို့လက်နက်မချလဲMNDAAကဒကစတစ်ခုလုံးကိုပိတ်ဆို့ထားပြီးလက်နက်ရိက္ခာအကုန်ဖြတ်တောက်ထားပြီးပြီ။အထူးသဖြင့်ဒကစထဲမှာရေပြတ်တောက်နေပြီလို့သိရတယ်။မိသားစုတွေအပါအဝင်လူအင်အားလေးထောင်လောက်ကိုလေကြောင်းကပဲရိက္ခာပို့ပေးဖို့ဆိုတာလုံးဝမလွယ်ကူပါဘူး။ဒါ့ကြောင့်ထိုဗိုလ်မှုးချုပ်ခြောက်ဦးရဲ့ဆုံးဖြတ်ချက်မှန်ကန်တယ်လို့ပြောရမယ်။ဘာပဲဖြစ်ဖြစ်လောက်ကိုင်ဒကစကြီးတစ်ခုလုံးလက်နက်ချမှုဟာစစ်တပ်သမိုင်းမှာအကြီးဆုံးလက်နက်ချမှုကြီးအဖြစ်မှတ်တမ်းဝင်အမဲစက်ထင်သွားပါပြီ။လွတ်လပ်ရေးခေတ်ဦးကတပ်ရင်းလိုက်တောခိုမှုတွေပဲစစ်တပ်မှာရှိခဲ့ရာကနေအခုမင်းအောင်လှိုင်လက်ထက်မှာစစ်ဌာနချုပ်ကြီးတစ်ခုလုံးတော်လှန်ရေးအဖွဲ့တွေအောက်လက်နက်ချခဲ့ရပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


