မနေ့ကလောက်ကိုင်မှာလက်နက်ချလိုက်တဲ့စစ်ကောင်စီတပ်ဖွဲ့ထဲမှာရာထူးအကြီးဆုံးအဖြစ်ဗိုလ်မှုးချုပ်ခြောက်ဦးအထိပါဝင်လာတယ်။ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခုလုံးလက်နက်ချမှုကိုသူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တာလား၊နေပြည်တော်ကခွင့်ပြုချက်ရခဲ့လားဆိုတာတော့ရှင်းရှင်းလင်းလင်းမသိရသေးဘူး။စစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်းကတော့တပ်မိသားစုဝင်တွေရဲ့အသက်အန္တရာယ်ကိုထောက်ထားပြီးလက်နက်ချခဲ့တာလို့အရှက်ပြေပြောလာတယ်။သူတို့လက်နက်မချလဲMNDAAကဒကစတစ်ခုလုံးကိုပိတ်ဆို့ထားပြီးလက်နက်ရိက္ခာအကုန်ဖြတ်တောက်ထားပြီးပြီ။အထူးသဖြင့်ဒကစထဲမှာရေပြတ်တောက်နေပြီလို့သိရတယ်။မိသားစုတွေအပါအဝင်လူအင်အားလေးထောင်လောက်ကိုလေကြောင်းကပဲရိက္ခာပို့ပေးဖို့ဆိုတာလုံးဝမလွယ်ကူပါဘူး။ဒါ့ကြောင့်ထိုဗိုလ်မှုးချုပ်ခြောက်ဦးရဲ့ဆုံးဖြတ်ချက်မှန်ကန်တယ်လို့ပြောရမယ်။ဘာပဲဖြစ်ဖြစ်လောက်ကိုင်ဒကစကြီးတစ်ခုလုံးလက်နက်ချမှုဟာစစ်တပ်သမိုင်းမှာအကြီးဆုံးလက်နက်ချမှုကြီးအဖြစ်မှတ်တမ်းဝင်အမဲစက်ထင်သွားပါပြီ။လွတ်လပ်ရေးခေတ်ဦးကတပ်ရင်းလိုက်တောခိုမှုတွေပဲစစ်တပ်မှာရှိခဲ့ရာကနေအခုမင်းအောင်လှိုင်လက်ထက်မှာစစ်ဌာနချုပ်ကြီးတစ်ခုလုံးတော်လှန်ရေးအဖွဲ့တွေအောက်လက်နက်ချခဲ့ရပါပြီ။
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅။ (သောကြာ)
ချင်းတော်လှန်ရေးအင်အားစု နှစ်ခုဖြစ်သည့်ချင်းပြည်(Chinland)ကောင်စီ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)...