၂၀၂၃ကုန်လို့၂၀၂၄ကိုရောက်ရှိလာပါပြီ။၂၀၂၃တနှစ်လုံးအတွက်နွေဦးတော်လှန်ရေးအခြေအနေကိုပြောရရင်၂၀၂၃မှာအစမှာပဲတော်လှန်ရေးအဖွဲ့တွေဘက်ကစစ်ကောင်စီတပ်အပေါ်ခုခံစစ်ကိုနေတိုက်စစ်ကိုပြောင်းလဲလာနိုင်တယ်။နှစ်အစမှာပဲနိုင်ငံအနှံမှာပျောက်ကြားစနစ်နဲ့စခန်းသိမ်းတိုက်ပွဲတွေဆင်နွဲလာနိုင်တာကိုတွေ့ရတယ်။NUGဟာသူ့ရဲ့PDFတပ်ရင်းတွေကိုလက်နက်တပ်ဆင်နိုင်မှုတွေပိုမိုပြုလုပ်လာနိုင်တယ်။ဒါပေမယ့်၂၀၂၃တစ်နှစ်လုံးနီးပါးထိုအခြေအနေနဲ့အီနေပြီးအများကနှစ်ကုန်ပိုင်းမှာအပြောင်းအလဲတစ်ခုခုဖြစ်လာဖို့မျှော်လင့်ခဲ့ကြတယ်။NUGကစစ်ခွေးနိဂုံး၂၀၂၃လို့ကြွေးကြော်ထားခဲ့တယ်လေ။ မျှော်လင့်ထားတဲ့အတိုင်းပဲ၂၀၂၃အောက်တိုဘာလမှာမြောက်ပိုင်းမဟာမိတ်EAOသုံးဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးစတင်ခဲ့တယ်။ထိုစစ်ဆင်ရေးဟာNUGနဲ့တိုက်ရိုက်မပက်သတ်ပေမယ့်လဲနွေဦးတော်လှန်ရေးအတွက်ကြီးမားတဲ့အလှည့်အပြောင်းဖြစ်စေခဲ့တယ်။နိုင်ငံမြောက်ပိုင်းမှာမြို့သိမ်းတိုက်ပွဲတွေဆက်တိုက်ဆိုသလိုဆင်နွှဲလာနိုင်တယ်။နှစ်ကုန်ပိုင်းအရောက်မှတော့ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါးတော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲကျရောက်ခဲ့ပါပြီ။
ထိုစစ်ဆင်ရေးရဲ့အရှိန်ကြောင့်ရှမ်းမြောက်မှာတင်မကပဲချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ကရင်နီပြည်နယ်တွေမှာပါတော်လှန်စစ်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်။ရခိုင်ပြည်နယ်ဘက်မှာလဲအေအေကစစ်ကောင်စီကိုတကျော့ပြန်ထိုးစစ်ဆင်မှုတွေပြုလုပ်နေတယ်။ဒါ့ကြောင့်၂၀၂၃အကုန်မှာစစ်ကောင်စီဟာစစ်ရေးမှာအတော်လေးဘေးကျပ်နံကျပ်ဖြစ်နေပါပြီ။
ဧပြီ ၀၄၊ ၂၀၂၅။ (သောကြာ)
ထိုင်းဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရ ဘင်းစတက်စည်းအဝေးတက်ရောက်ဖို့ မင်းအောင်လှိုင်ဘန်ကောက်ကို ရောက်နေပါတယ်။ဒါဟာရုရှားနဲ့တရုတ်ပြီးရင် သူ့ရဲ့တတိယမြောက်...