Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဒီဇင်ဘာ ၀၂၊ ၂၀၂၃။ (စနေ)

December 16, 2023
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကနေပြည်တော်တွင်ကျင်းပသောစစ်ကောင်စီအစည်းအဝေးတွင်ရှမ်းမြောက်တိုက်ပွဲတွေမှာသူတို့ရှုံးနိမ့်နေကြောင်းသူကိုယ်တိုင်ထုတ်ဖော်ပြောဆိုဝန်ခံလိုက်တယ်။ပြီးခဲ့သည့်လများအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ကိုးကန့်ဒေသအတွင်းရှိတပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင် TNLA၊ KIA ၊ AA အဖွဲ့တို့အပြင် စုစည်းထားသည်အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ ဒရုန်းပညာ ရှင်များ စုစုပေါင်း အင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဓိကအားဖြင့် Drone ကြီးများသုံး၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ၊ သာလွန်အင်အားများ စုစည်းခြင်းနှင့် နည်းပညာသာလွန်မှုကို အသုံးချ၍ စစ်သုံးအဆင့် Drone များဖြင့် Drop Bomb များ အသုံးပြုတိုက်ခိုက်သည်ကို တွေ့ရကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားတယ်။

ထို့ပြင် Drop Bomb အသုံးပြုမှုမှာ ယခုအချိန်အထိ အလုံးပေါင်း ၂၅၀၀၀ ကျော် ခန့် အသုံးပြုခဲ့သကဲ့သို့ ၁၀၇ မီလီ မီတာ ရှော့တိုက်ဒုံး ၁၂၀ လုံးခန့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ MNDAA နှင့် ပူးပေါင်းအဖွဲ့များက သာလွန်အင်အားများဖြင့် တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ မိသားစုဝင်များ ၏ အသက်အန္တရာယ် လုံခြုံရေးအရ အချို့နေရာများကို စွန့်ခွာပေးခဲ့ရကြောင်း၊ နယ်စပ်ဒေသဖြစ်ခြင်းကြောင့် တစ်ဖက်နိုင်ငံမှ အထင် အမြင် မလွဲမှားစေရန် ကန့်သတ် ထိန်းသိမ်းဆောင်ရွက်ပြီး ပြည်သူများ မထိခိုက်စေရန် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ရှုံးနိမ့်ရမှု အခြေအနေများကို အကြောင်းပြတယ်။စစ်ဆင်ရေးစတုန်းကဆုံးရှုံးသွားတဲ့နယ်မြေတွေကိုရယူဖို့ပြန်လည်တိုက်ခိုက်သွားမယ်လို့လေကျယ်ခဲ့တဲ့မင်းအောင်လှိုင်ဟာအခုတော့အသံကျယ်ကျယ်တောင်မထွက်နိုင်တော့ဘူး။သာလွန်အင်အားဆိုတဲ့စကားလုံးကိုပဲတွင်တွင်ကျယ်ကျယ်သုံးသွားတယ်။အာဏာသိမ်းခါစပြည်သူတွေဆန္ဒပြတုန်းကသူတို့ပဲလက်နက်မရှိတဲ့ပြည်သူတွေကိုသာလွန်အင်အားသုံးပြီးသတ်ဖြတ်ခဲ့တာပဲလေ။အခုသူတို့အလှည့်ကျမှသာလွန်အင်အားဆိုတဲ့စကားလုံးနဲ့မျက်ရည်ခံထိုးဖို့ကြိုးစားနေတယ်။ဝဋ်ဆိုတာဘဝမကူးပဲချက်ချင်းလည်တတ်တယ်ဆိုတာသူတို့သဘောပေါက်ဖို့ကောင်းတယ်။

Related Posts

သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)

August 30, 2025

တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...

သြဂုတ် ၂၉၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

သြဂုတ် ၂၉၊ ၂၀၂၅။ (သောကြာ)

August 29, 2025

တရုတ်ရဲ့ဖိအားကိုရင်ဆိုင်နေရတဲ့ ရှမ်းမြောက်ကနောက်တစ်ဖွဲ့ဖြစ်တဲ့ MNDAAအဖွဲ့ကိုလဲ စစ်ကော်မရှင်ကသိန္ဒီမြို့ကို ပြန်တောင်းနေတယ်လို့...

သြဂုတ် ၂၈၊ ၂၀၂၅။ (ကြာသပတေး)
အာဏာသိမ်း ဒိုင်ယာရီ

သြဂုတ် ၂၈၊ ၂၀၂၅။ (ကြာသပတေး)

August 28, 2025

စစ်ကောင်မရှင်နဲ့ TNLAတို့တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံတဲ့ဆွေးနွေးပွဲကတော့ အဖြေမထွက်ပဲပြီးဆုံးသွားပါပြီ။စိတ်ဝင်စားဖို့ကောင်းတာက ထိုဆွေးနွေးပွဲမှာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English