Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဒီဇင်ဘာ ၀၁၊ ၂၀၂၃။ (သောကြာ)

December 13, 2023
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ရှမ်းမြောက်ကိုးကန့်ကုန်းကြမ်းဒေသ အခြေစိုက် ခလရ(၁၂၅) တပ်ရင်းမှူးသည် တိုက်ပွဲဖြစ်ပွားနေစဉ် အလံဖြူထောင်ကာ ကိုးကန့်တပ်မတော်(MNDAA) ထံ လာရောက်ဆွေးနွေးပြီး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့သိရတယ်။ထိုတပ်ရင်းမှတပ်ရင်းမှူးဟာ ရဲဘော်တစ်ယောက်နှင့် အတူ MNDAAထံသို့ရောက်လာပြီး လက်နက်ချအလင်းဝင်ရန် ဆွေးနွေးတောင်းဆိုခဲ့ကြောင်း၊ ဒဏ်ရာရလူနာများကိုကုသကယ်ဆယ်ပေးရန်နှင့် မိသားစုဝင်များ၏နေထိုင်ရေး စီစဉ်ပေးရန် အကူအညီတောင်းခံခဲ့ကြောင်း၊ ၎င်းတို့တောင်းဆိုချက်များကို သဘောတူညီပြီးနောက် ညနေပိုင်းတွင် ၎င်းတပ်ရင်းမှူးသည်လက်အောက်ငယ်သားများအားလုံးခေါ်ဆောင်ပြီးMNDAAထံသို့လက်နက်ချအလင်းဝင်လာခဲ့တာဖြစ်တယ်။အဆိုပါ ခလရ(၁၂၅) တပ်ရင်းမှူး၏ပြောဆိုချက်အရ စစ်ကောင်စီ အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ – ၁၆)၏ စကခမှူးမှာ နိုဝင်ဘာ ၂၇ ရက်တွင် အဖွဲ့ဝင်(၁၀၀)ကျော်ကို ခေါ်ဆောင်ပြီး ထွက်ပြေးသွားခဲ့တယ်တဲ့။

ယခု ခလရ(၁၂၅) တပ် အလင်းဝင်လာခြင်းသည် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း တပ်ရင်း တစ်ရင်းလုံး အလင်းဝင်ရောက်မှု တတိယအကြိမ်ဖြစ်ပြီး နိုဝင်ဘာ ၁၂ရက်ကလည်း ခမရ(၁၂၉)တပ်ရင်းက လူဦးရေ ၂၆၀ အလင်းဝင်ခဲ့သေးတယ်။ပြီးခဲ့တဲ့ရက်ကလဲချင်းပြည်နယ်ကရေဇွာမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဗိုလ်တစ်ဦးအပါအဝင်အင်အား၃၀ကျော်လက်နက်ချသေးတယ်။ဒါ့ကြောင့်တနိုင်ငံလုံးကတိုက်ပွဲတွေမှာစစ်သူပုန်တွေလက်နက်ချတာ၊အလင်းဝင်းတာတွေဟာခပ်စိတ်စိတ်ဖြစ်လာနေပါပြီ။

Related Posts

ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)
အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)

June 2, 2025

ရန်ကုန်လူဦးရေရဲ့ တဝက်နီးပါးလောက်ဆင်းရဲနေတယ်ဆိုပေမယ့် အထိနာဆုံးကတော့အခြေခံလူတန်းစားတွေပါပဲ။ လုပ်ခလစာနည်းပါးမှုနဲ့ ဆက်တိုက်မြင့်တက်လာနေသော...

ဇွန် ၀၁၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၀၁၊ ၂၀၂၅။ (တနင်္ဂနွေ)

June 1, 2025

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်များဖြစ်တဲ့...

မေ ၃၁၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၃၁၊ ၂၀၂၅။ (စနေ)

May 31, 2025

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မိုနိုဝါဟူစိန်ကို ဒါကာသို့...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English