ကချင်ပြည်နယ်မြစ်ကြီးနားမြို့မြောက်ဘက်ရှိ အင်ဂျန်းယန်မြို့နယ်က စစ်ကောင်စီတပ်စခန်း နှင့် ရဲစခန်း စုစုပေါင်းစခန်း၄ခုကိုစစ်ကောင်စီကပြန်လည်ရုတ်သိမ်းသွားတယ်။ထိုနေရာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲတပ်ရုတ်လိုက်တာကြောင့် စစ်အင်အားနည်းတဲ့ ဒေသတွေက တပ်တွေ ရုတ်သိမ်းလိုက်ပြီး အင်အားစုစည်းလိုက်တဲ့ သဘောပဲ။တဖက်ကတွေးရင်တော့ အင်ဂျန်းယန်မြို့နယ်ကို သွေးမစွန်းဘဲရလိုက်တာပေါ့။
ရခိုင်ပြည်နယ်ပေါက်တောမြို့မှာလဲစစ်တပ်ဖမ်းဆီးပြီးလူသားဒိုင်းလုပ်ထားတဲ့ဒေသခံ၁၀၀ကျော်ကိုအေအေတပ်မတော်ကကယ်ထုတ်လိုက်နိုင်တယ်။ပေါက်တောမြို့မှာပြီးခဲ့တဲ့အပတ်ထဲကတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်။စစ်တပ်ကိုမြို့ကိုလက်မလွတ်ရရေးအတွက်ကြည်းရေလေတပ်တွေပူးပေါင်းကာအသည်းအသန်ခုခံနေပြီးမြို့နေလူထုတွေကိုပါလူသားဒိုင်းလုပ်ထားတာပါ။ဒါကိုအေအေကစွန့်စွန့်စားစားဝင်ရောက်တိုက်ခိုက်ကယ်ထုတ်နေရတယ်။လက်ရှိအချိန်ထိမြို့ထဲမှာဒေသခံတွေကျန်နေသေးတယ်လို့သိရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


