ကရင်နီပြည်နယ်လွိုင်ကော်မြို့ကကုလသမဂ္ဂဝန်ထမ်းတွေနဲ့အန်ဂျီအိုဝန်ထမ်းတွေရှမ်းပြည်နယ်ဘက်ကိုထွက်ခွာခွင့်ရသွားတယ်။ဒါပေမယ့်မြို့ထဲမှာအရပ်သားအများအပြားပိတ်မိနေဆဲပဲ။လွိုင်ကော်တက္ကသိုလ်ထဲမှာစစ်တပ်ရဲ့လူသားဒိုင်းအဖြစ်အသုံးချခံထားရတဲ့ဝန်ထမ်းတွေနဲ့ကျောင်းသားတွေကိုတော့တော်လှန်ရေးအဖွဲ့တွေကယ်ထုတ်လိုက်နိုင်တယ်။ဒါကိုစစ်ကောင်စီကထိုဝန်ထမ်းတွေကိုတော်လှန်ရေးအဖွဲ့တွေကမတရားဖမ်းဆီးသွားပါတယ်ဆိုပြီးအသံလွှင့်သေးတယ်။သူတို့ဘာတွေပြောနေပါစေအမှန်တရားကိုလူတိုင်းသိနေတာပဲ။အခုဆိုစစ်ကောင်စီတပ်တွေနှစ်ရှည်လများတပ်စွဲအထိုင်ချထားတဲ့လွိုင်ကော်တက္ကသိုလ်ကိုကရင်နီတပ်ပေါင်းစုအဖွဲ့တွေထိန်းချုပ်ထားနိုင်ပြီးလွိုင်ကော်မြို့ပတ်ပတ်လည်ကိုလဲဝိုင်းထားနိုင်ပြီ။မြို့လယ်ကနေရာကွက်ကွက်လေးကိုသားစစ်သူပုန်တွေထိန်းချုပ်ထားနိုင်တော့တယ်။
ရခိုင်ပြည်နယ်မှာလဲအေအေကဆက်တိုက်ဆိုသလိုထိုးစစ်ဆင်နေတယ်။တချို့ရဲ့စခန်းတွေဆိုရင်သေနတ်သံကြားတာနဲ့လက်နက်ချကုန်တော့တာပဲ။ဒါ့ကြောင့်စစ်ကောင်စီဟာစခန်းအသေးတွေကသူတို့လူတွေကိုစွန့်ခွာခိုင်းပြီးစခန်းအကြီးတွေမှာပူးပေါင်းခိုင်းထားတာကြောင့်အေအေဟာစစ်မတိုက်လိုက်ရပဲရခိုင်ပြည်နယ်ကစခန်း၄၀လောက်ကိုရရှိလိုက်တယ်။ဒါပေမယ့်စစ်ကောင်စီဟာရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပြန်စတဲ့နေ့ကစပြီးကုန်လမ်းကြောင်းတွေကိုပိတ်ဆို့ထားလိုက်ပါပြီ။ပြည်မကဝင်တဲ့လမ်းကြောင်းတွေအကုန်ပိတ်ဆို့ထားတဲ့အပြင်ပြည်နယ်ထဲမှာတမြို့နဲ့တမြို့ကိုတောင်ကူးလူးသွားလာလို့မရတော့ပါဘူး။ဒါကြောင့်ရခိုင်ပြည်နယ်ထဲမှာကုန် ဈေးနှုန်းတွေမြင့်တက်လာပြီးပြည်သူတွေဒုက္ခရောက်နေကြပြီ။ဒီအခြေအနေကိုအေအေကဘယ်လိုဖြေရှင်းမလဲဆိုတာစိတ်ဝင်စားစရာပဲ။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။