ပြီးခဲ့သည့်စက်တင်ဘာလကုန်ခန့်ကပခုက္ကူတပ်မ၁၀၁မှထွက်လာသည့်ကားအစီး၇၀ပါစစ်တပ်ယာဉ်တန်းဟာချင်းပြည်နယ်ဘက်ကိုလက်နက်ရိက္ခာဖြည့်ဖို့ထွက်ခွာလာခဲ့ရာမှာအခုချိန်ထိမကွေးတိုင်းထဲမှာပဲရှိနေသးတယ်။ပခုက္ကူမြို့မှထွက်လာပြီးပေါက်မြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကကြားဖြတ်ဟန့်တားတိုက်ခိုက်မှုကြောင့် တစ်လနီးပါးကြာ ပိတ်မိနေခဲ့သော စစ်ကောင်စီတပ်ယာဉ်တန်းဟာအခုတော့ ယောဒေသနှင့် ချင်းပြည်နယ်ဘက်သို့ဦးတည်ထွက်ခွာနေကြောင်းသိရတယ်။အနည်းဆုံးမင်းတပ်ကိုသွားမယ်လို့ယူဆရတယ်။ပခုက္ကူနှင့်ပေါက်မြို့နယ်ကြားရှိပေါက်အုန်းတောတံတားကိုဒေသကာကွယ်ရေးတပ်ဖွဲ့များကဖောက်ခွဲ၍တားဆီးခဲ့ခြင်းကြောင့်စစ်ကောင်စီယာဥ်တန်းရပ်တန့်သွားပြီးယခုတံတားကိုယာယီပြင်ဆင်ပြီးဆက်လက်ထွက်ခွာနေတာပါ။အဆိုပါ စစ်ကြောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ပါဝင်ပြီးယာဥ်တန်း ပိတ်မိနေစဉ်ဒေသကာကွယ်ရေးတပ်ဖွဲ့များကဒရုန်း၊မိုင်းတို့ဖြင့်တိုက်ခိုက်ခဲ့ကြပြီးထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများလည်းဖြစ်ပွားခဲ့တယ်။ထိုတိုက်ပွဲတွေအတွင်းသူတို့ဘက်က၂၅ဦးထက်မနည်းသေဆုံးထိခိုက်နိုင်တယ်။ထိုယာဉ်တန်းဟာမကွေးတိုင်းကိုကျော်သွားလဲချင်းပြည်နယ်ထဲမှာအပြင်းအထန်ဆက်လက်တိုက်ခိုက်ခံရမှာမို့ရည်မှန်းချက်ကိုရောက်ဖို့မသေချာပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


