စစ်ကောင်စီဟာကချင်ပြည်နယ်ဘက်မှာလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ဆိုသလိုပြုလုပ်နေတယ်။ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာတိုက်ခိုက်မှုအပြီးအခုလဲ KIA တပ်မဟာ ၉ နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းနှင့်လက်နက်ကြီး အင်အား အများအပြားသုံးတိုက်ခိုက်နေလို့KIA အရာရှိနှစ်ဦး ကျဆုံးသွားတယ်လို့သိရတယ်။ဖားကန့်တွင်ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီခြေလျင်တပ်ရင်း များဖြစ်သည့်ခမရ(၇၄) နှင့် ခမရ (၁၂) တို့ကို KIA တပ်မဟာ (၉)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှအရာရှိအချို့အပါအဝင်အများအပြားသေဆုံးခဲ့တယ်။ဒါကြောင့် စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအင်အားအများအပြားသုံး တိုက်ခိုက်လာခြင်းဖြစ်တယ်။
တချိန်ထဲမှာပဲရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသရှိ ဝိန်းလားတောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်း၊ ကျည်များစွာ သိမ်းဆည်းရရှိခဲ့တယ်လို့သိရတယ်။အဆိုပါ တပ်စခန်းကို စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူအကြိမ်ကြိမ်လာရောက်သည့် အခြေအနေတွင် KIAက စခန်းကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်တယ်။စစ်သူပုန် ၂၀ကျော်သေပြီး ကျန်တာ ထွက်ပြေးလွတ်မြောက်သွားတယ်။ထိုစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းကျည် အများအပြားကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်။ကားကြီး ၃စီးနဲ့ သယ်တာ မကုန်ဘူးတဲ့။ အထိုင်စခန်း ဆိုတော့ လက်နက်တွေ တော်တော်များတယ်။ကချင်ပြည်နယ်ဘက်မှာကာလအတန်ကြာစစ်သူပုန်တွေနဲ့(KIA)တို့စစ်ရေးတင်းမာနေရာကနေအခုတိုက်ပွဲကြီးတွေဖြစ်ပွားလာပါပြီ။