မနေ့ကပြောခဲ့သလိုပဲစစ်ကောင်စီရဲ့NCAကိုအယုံအကြည်မရှိတော့ကြောင်းယခင်က NCAမှာလက်မှတ်ထိုးထားတဲ့အင်အားကြီးသုံးဖွဲ့ဖြစ်တဲ့KNU/KNPP/ABSDSတို့ကတရားဝင်ထုတ်ပြန်ကြေညာလိုက်တယ်။သူတို့အနေနဲ့တိုင်းပြည်ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေသည့် ပဋိပက္ခများကို ဖြေရှင်းရန် အကောင်းဆုံးကြိုးစားပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှတဆင့် နိုင်ငံရေးဆွေးနွေးပွဲ၌ တက်ကြွစွာ ပါဝင်ခဲ့ကြောင်း၊ သို့ရာတွင် စစ်အာဏာရှင်များက သဘောတူညီချက်အားလုံးကို ချိုးဖောက်ပြီး အပစ်ရပ်စဲရေးသဘောတူညီချက်နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဖျက်ဆီးခဲ့ကြောင်းပြောလိုက်တယ်။ဒါ့ကြောင့် NCA သဘောတူညီချက်စာချုပ်ဆိုတာ လုံးဝမရှိတော့ပါဘူးလို့အတိအလင်းထုတ်ပြန်ထားတယ်။
တိုင်းပြည်ကို ဖက်ဒရယ် ဒီမိုကရေစီနဲ့ထူထောင်သွားမယ်ဆိုရင် အဓိကအဟန့် အတားက စစ်တပ်ပါပဲ။အဓိကက ဒီစစ်အုပ်စု တိုင်းပြည်မှာ ပပျောက်သွားရေးပဲ။ ဒါမှ ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်ကို ထူထောင်နိုင်မှာဖြစ်တယ်။စစ်တပ်ဟာဒီလိုအချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေလုပ်နေရတဲ့အကြောင်းအရင်းကသူတို့ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအခက်အခဲတွေ၊အကျပ်အတည်းတွေ ဘယ်နေရာမှ အသိအမှတ်မပြုရတဲ့ အနေအထားတွေ နိုင်ငံတကာကနေ စီးပွားရေး ပိတ်ဆို့မှုအနေအထားတွေ ဘဏ္ဍာရေးပိတ်ဆို့မှုအနေအထားတွေက ထွက်ပေါက်ရအောင်ကြံဆောင်နေတာဖြစ်တယ်။