KIA/KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာ ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်လို့ ကလေးငယ် ၁၃ ဦးအပါအဝင်ပြည်သူ အယောက် ၃၀ ကျော်သေခဲ့တယ်။ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတွေလည်း ပျံ့နေတယ်။ ဓါတ်ပုံတွေက မြင်မကောင်းဘူး။ ကလေးငယ်တွေ ဗုံးဒဏ်သင့်ပြီး ရုပ် ပျက်ဆင်းပျက်နဲ့ သေနေတာ၊ KIA က ကယ်ဆယ်ရေးလုပ်ပေးနေတာတွေဟာ လုံးဝအနိဌာရုန်ပဲ။ အတော် ကလေး စိတ်မကောင်းဖြစ်ရတယ်။ ဘာလို့များ အဲဒီလောက်ထိ ရက်စက်တတ်ကြတာလဲ စဉ်းစားလို့မရ ဘူး။ သန်းခေါင်ယံအချိန်မှာ အရပ်သားပြည်သူတွေနေထိုင်တဲ့ စစ်ဘေးရှောင်စခန်းတွေကို လက်နက်ကြီး တွေနဲ့ တမင်ရည်ရွယ်ပြီးပစ်နေတာ ပြည်သူတွေမှာ ဘာအပြစ်ရှိလို့လဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


