စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ထဲက မုံရွေး-ကြေးမုံစံပြကျေးရွာတွေထဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ တွေနဲ့ ဒေသခံတွေကို ဖမ်းဆီးတာတွေဆက်တိုက်လုပ်နေတယ်။ သူတို့တွေဟာ ပြည်သူကို ပစ်မှတ်ထားပြီး လိုက် လံနှိပ်စက်နေတယ်။ ရွာတွေကို မီးရှို့တယ်၊ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်၊ ကလေးငယ်၊ သက်ကြီး ရွယ်အိုတွေကို ရက်ရက်စက်စက်သတ်ဖြတ်တယ်။ ဒါဟာ လူသတ်ကောင်ဆိုတဲ့ အဆင့်ထက်ပိုတယ်။ လူ မဆန်တဲ့လုပ်ရက်တွေကို ပြည်သူတွေဟာ ရင်စည်းပြီးခံစားနေကြရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


