စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ မြင်းမူ – မြောင် လမ်းပေါ်မှာ ကားတစ်စီး အပါအဝင် ဆိုင်ကယ်တွေနဲ့ သွားလာနေတဲ့ တော်လှန်ရေး ရဲဘော်တွေဟာ စစ်အုပ်စုရဲ့ ချောင်းမြောင်း ပစ်ခတ်ခံရလို့ တော်လှန်ရေး ရဲဘော် (၂၀)ကျော် ကျဆုံးခဲ့ရပါတယ်။ မြင်းမူနယ်ထဲက ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကိုကာကွယ်တိုက်ခိုက်ဖို့အသွားမှာအငိုက်မိသွားတယ်လို့သိရတယ်။လက်နက်ခဲယမ်းတွေလဲဆုံးရှံးလိုက်ရတယ်။တချို့ရဲဘော်တွေဆိုရင်အရှင်ဖမ်းဆီးခံလိုက်ရပြီးအရှင်လတ်လတ်ခေါင်းဖြတ်အသတ်ခံလိုက်ရတယ်။ဒီဖြစ်ရပ်ဟာစစ်ကိုင်းတိုင်းထဲမှာတော်လှန်ရေးရဲဘော်တွေအစုလိုက်အပြုံလိုက်အများဆုံးကျဆုံးခဲ့ရတဲ့ဖြစ်ရပ်တစ်ခုပဲ။နယ်မြေစိုးမိုးမှုရလာချိန်မှာတော်လှန်ရေးအဖွဲ့တွေဘက်ပေါ့ပေါ့လျော့လျော့မနေသင့်ဘူး။နယ်မြေစိုးမိုးမှုလောက်ပဲရသေးတာဖြစ်ပြီးလွတ်မြောက်နယ်မြေမဖြစ်သေးတဲ့အတွက်စစ်သူပုန်တပ်တွေနဲ့အချိန်မရွေးရင်ဆိုင်ရနိုင်တယ်။လက်ရှိမှာလဲ အဲ့ဒီ စစ်အုပ်စုဟာ မြောင်မြို့နယ်ထဲမှာ ဆက်လက် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ အကြမ်းဖက်နေပါတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...
			
                                        
                                        
			

