စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ မြင်းမူ – မြောင် လမ်းပေါ်မှာ ကားတစ်စီး အပါအဝင် ဆိုင်ကယ်တွေနဲ့ သွားလာနေတဲ့ တော်လှန်ရေး ရဲဘော်တွေဟာ စစ်အုပ်စုရဲ့ ချောင်းမြောင်း ပစ်ခတ်ခံရလို့ တော်လှန်ရေး ရဲဘော် (၂၀)ကျော် ကျဆုံးခဲ့ရပါတယ်။ မြင်းမူနယ်ထဲက ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကိုကာကွယ်တိုက်ခိုက်ဖို့အသွားမှာအငိုက်မိသွားတယ်လို့သိရတယ်။လက်နက်ခဲယမ်းတွေလဲဆုံးရှံးလိုက်ရတယ်။တချို့ရဲဘော်တွေဆိုရင်အရှင်ဖမ်းဆီးခံလိုက်ရပြီးအရှင်လတ်လတ်ခေါင်းဖြတ်အသတ်ခံလိုက်ရတယ်။ဒီဖြစ်ရပ်ဟာစစ်ကိုင်းတိုင်းထဲမှာတော်လှန်ရေးရဲဘော်တွေအစုလိုက်အပြုံလိုက်အများဆုံးကျဆုံးခဲ့ရတဲ့ဖြစ်ရပ်တစ်ခုပဲ။နယ်မြေစိုးမိုးမှုရလာချိန်မှာတော်လှန်ရေးအဖွဲ့တွေဘက်ပေါ့ပေါ့လျော့လျော့မနေသင့်ဘူး။နယ်မြေစိုးမိုးမှုလောက်ပဲရသေးတာဖြစ်ပြီးလွတ်မြောက်နယ်မြေမဖြစ်သေးတဲ့အတွက်စစ်သူပုန်တပ်တွေနဲ့အချိန်မရွေးရင်ဆိုင်ရနိုင်တယ်။လက်ရှိမှာလဲ အဲ့ဒီ စစ်အုပ်စုဟာ မြောင်မြို့နယ်ထဲမှာ ဆက်လက် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ အကြမ်းဖက်နေပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


