မြဝတီမြို့အနီးလက်ခက်တောင်ကိုKNUကတိုက်ခိုက်သိမ်းပိုက်ထားတာတစ်လပြည့်သွားပါပြီ။ဒီတလအတွင်းမှာထိုနေရာကိုပြန်ရဖို့စစ်ကောင်စီတပ်တွေ၁၀ကြိမ်ထက်မနည်းထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်တောင်ခြေနားတောင်မကပ်နိုင်သေးပါဘူး။စစ်ကောင်စီတပ်တွေရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်တောင်ပေါ်ကသာသနိကအဆောက်အအုံအတော်များများလဲပျက်စီးသွားပြီ။စစ်တပ်လော်ဘီရပ်ကွက်မှာတော့လက်ခက်တောင်ကိုဒီနေ့ရမယ်၊မနက်ဖြန်ရမယ်ဆိုပြီးပြောဆိုနေကြပေမယ့်လက်တွေ့မြေပြင်မှာတော့စစ်တပ်ဖက်သာအကျအဆုံးများလျက်ရှိတယ်။
စစ်တပ်ထဲကလာတဲ့သတင်းအရင်းအမြစ်တစ်ခုအရကရင်နီနဲ့ကရင်ပြည်နယ်ကစစ်ဆင်ရေးတွေကိုနေပြည်တော်ကမင်းအောင်လှိုင်လူယုံဗိုလ်ချုပ်ကြီးတစ်ဦးကတိုက်ရိုက်ကိုင်တွယ်နေတယ်လို့သိရတယ်။ဒါကြောင့်အခုနောက်ပိုင်းမှာလက်နက်အင်အားနဲ့လေကြောင်းပစ်ကူကိုအဆမတန်သုံးလာတာတွေ့ရတယ်။ဒီလိုအခြေအနေမျိုးမှာလက်ခက်တောင်ကိုတလကျော်ထိန်းထားနိုင်တာဂုဏ်ယူစရာတစ်ခုပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


