ကယားပြည်နယ်ထဲမှာလဲတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထားတဲ့မယ်စဲမြို့ကိုပြန်လည်ရရှိရေးအတွက်စစ်ကောင်စီတပ်တွေအင်အားအလုံးအရင်းသုံးပြီးထိုးစစ်ဆင်နေပါတယ်။အခုလောလောဆယ်တော့သံလွင်မြစ်အရှေ့ဘက်ကစခန်းနှစ်ခုကိုတော်လှန်ရေးအဖွဲ့တွေလက်လွတ်ပေးလိုက်ရတယ်။စစ်ကောင်စီဟာဆက်လက်ထိုးစစ်ဆင်နိုင်ဖို့အတွက်ရှမ်းပြည်နယ်ကတပ်တွေကိုယာဉ်တန်းတွေနဲ့ကယားပြည်နယ်ထဲကိုရွှေ့ပြောင်းအင်အားဖြည့်နေတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့အလယ်ပိုင်းမှာစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်မှုတွေမရှိတဲ့အတွက်ထိုဒေသကတပ်တွေကိုကယားပြည်နယ်ထဲလိုသလိုစိတ်ကြိုက်ရွှေ့ပြောင်းလို့ရနေတယ်။ဒါကြောင့်စစ်တပ်ရဲ့အင်အားဖြည့်တင်းမှုတွေကိုတော်လှန်ရေးအဖွဲ့တွေကလဲရသလောက်ကြားဖြတ်တိုက်ခိုက်နေလို့မိုးဗြဲလွိုင်ကော်လမ်းမကြီးဖက်မှာတိုက်ပွဲတွေဆက်တိုက်ဆိုသလိုဆက်ဖြစ်နေယ်။ပြောရရင်တော့တိုက်ပွဲတွေကကရင်ပြည်နယ်မှာလိုကယားပြည်နယ်တစ်ခုလုံးနီးပါးမှာပြန့်နှံဖြစ်ပွားလျက်ရှိတယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


