စစ်ရေးလှုပ်ရှားမှုတွေနည်းပါးနေတဲ့ကချင်ပြည်နယ်မှာဒီလဆန်းပိုင်းကစပြီးတိုက်ပွဲတွေပြန်လည်ပြင်းထန်လာတယ်။KIAဟာPDFတွေကိုနောက်ကွယ်ကနေပံ့ပိုးနေပေမယ့်စစ်တပ်နဲ့ထိပ်တိုက်မတွေ့တော့ပဲငြိမ်နေတာအတော်ကြာနေပြီ။အခုတော့ငြိမ်နေလို့မရတော့ဘူး။စစ်ကောင်စီတပ်တွေကKIAဌာနချုပ်လိုင်ဇာနားကရွာတွေကိုစစ်ကြောင်းထိုးလာပြီလေ။အဲ့ဒီတော့လိုင်ဇာနဲ့၁၀မိုင်ခန့်အကွာမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်။ထိုနေရာဟာအရင်ကစစ်တပ်ကထိန်းချုပ်ထားပြီးဒီကာလမှာKIAကပြန်လည်ထိန်းချုပ်ထားလို့စစ်ကောင်စီကပြန်လည်ရယူဖို့ကြိုးစားလာတယ်။လိုင်ဇာနဲ့၁၀မိုင်ခန့်သာကွာဝေးတာကြောင့်KIAအနေနဲ့လဲလက်လွှတ်လို့မဖြစ်ပဲအပြင်းအထန်ပြန်လည်ခုခံနေတယ်။စစ်တပ်ကအင်အားတွေထပ်မံတိုးချဲ့နေတာကြောင့်တိုက်ပွဲတွေပိုမိုပြင်းထန်မယ့်သဘောရှိတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


