ရန်ကုန်မှာလီလီနိုင်ကျော်ကိုလုပ်ကြံနိုင်ခဲ့တဲ့မြို့ပြပျောက်ကျားအဖွဲ့နဲ့ဟိုတလောကရန်ကုန်မြို့လယ်ပန်းဆိုးတန်းအခွန်ရုံးကိုဖောက်ခွဲနိုင်ခဲ့တဲ့အဖွဲ့ကကလေးတွေရှေ့ဆင့်နောက်ဆင့်ဆိုသလိုအဖမ်းခံလိုက်ရတယ်။စစ်ကောင်စီကရန်ကုန်မှာUGအဖွဲ့တွေပြုလုပ်ခဲ့တဲ့မစ်ရှင်တွေကိုအဓိကအားဖြင့်CCTVအသုံးပြုပြီးနောက်ကြောင်းလိုက်နေတယ်။အခုအဖွဲ့တွေလဲCCTVကတဆင့်နောက်ယောင်ခံလိုက်ပြီးဖမ်းမိသွားတာပဲ။
အခုနောက်ပိုင်းUGအဖွဲ့တွေရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာမစ်ရှင်တွေလုပ်ရတာပိုပြီးခက်ခဲလာတယ်။လုပ်ခဲ့တဲ့မစ်ရှင်တွေအောင်မြင်မှုရှိပေမယ့်အဖွဲ့ဝင်တွေဟာအရင်လိုမလွတ်တော့ပဲဖမ်းဆီးခံရမှုတွေပိုမိုများပြားလာတယ်။အရင်ကပြောခဲ့သလိုပဲမြို့ကြီးတွေကိုစစ်ကောင်စီကထိန်းချုပ်သွားနိုင်တဲ့အတွက်သူတို့ရဲ့ထောက်လှမ်းရေးစနစ်ကိုလဲစိတ်ကြိုက်တည်ဆောက်သွားနိုင်တယ်။ဒါကြောင့်UGအဖွဲ့တွေအတွက်အရင်ကထပ်ပိုမိုခက်ခဲလာတယ်။ဒီလိုအခြေအနေတွေကြားကပဲမစ်ရှင်တွေကိုမရရအောင်ဆက်လက်အကောင်အထည်ဖော်နေတာချီးကျူးလေးစားဖို့ကောင်းတယ်။ဒါပေမယ့်ဒီလိုသာတစ်ခုလုပ်တိုင်းတစ်ခါအဖမ်းခံနေရမယ်ဆိုရင်ကိုယ်တွေကလေးတွေအတွက်မတန်တော့သလိုပဲ။အဖမ်းဆီးခံလိုက်တဲ့ကလေးတွေအတွက်စိတ်မကောင်းဖြစ်ရသလိုသူတို့တွေအဆင်ပြေပါစေလို့ဆုတောင်းယုံမှတပါးဘာမှမတတ်နိုင်ခဲ့ပါ။
အောက်တိုဘာ ၃၁၊ ၂၀၂၅။ (ကြာသပတေး)
ရခိုင်ပြည်နယ်ကAAသိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ကော်မရှင်ကဆက်တိုက်ဗုံးကြဲနေပါတယ်။ဗုံးကြဲမှုကြောင့်ထုံးစံအတိုင်းအရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်။ဒါဟာရှမ်းမြောက်ကအင်အားကြီးEAOနှစ်ဖွဲ့စစ်ကော်မရှင်နဲ့အပစ်ရပ်လိုက်တဲ့ရလဒ်တွေပါ။ရှမ်းမြောက်မှာအပစ်ရပ်လိုက်တဲ့အတွက်စစ်ကော်မရှင်ဟာထိုဒေသတွေကိုဗုံးကြဲလို့မရတော့ပါဘူး။ဒါ့ကြောင့်တခြားတော်လှန်ရေးအင်အားစုတွေရဲ့ထိန်းချုပ်ဒေသတွေကိုပိုမိုဗုံးကြဲလာတော့မှာပါ။ ရှမ်းမြောက်ကMNDAAနဲ့TLNAတို့စစ်ကော်မရှင်နဲ့အပစ်ရပ်လိုက်တာဟာတော်လှန်ရေးမှာသက်ရောက်အားကြီးပါတယ်။စစ်ကော်မရှင်ဟာထိုဒေသတွေမှာတပ်အင်အားအများအပြားသုံးစရာမလိုတော့ပါဘူး။ဒါ့ကြောင့်ထိုအင်အားတွေကိုတိုက်ပွဲတွေပြင်းထန်နေတဲ့အခြားဒေသတွေကိုရွေ့ပြောင်းအသုံးပြုလာတော့မှာပါ။


