မနေ့ကNUGသမ္မတကြီးပြောသွားတဲ့စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအပေါ်ဝေဖန်သံတွေမျိုးစုံထွက်ပေါ်လာတယ်။တချို့တွေကတော့တွေ့ဆုံဆွေးနွေးရေးအလိုမရှိလို့ပြောကြတယ်။တချို့တွေကတော့NUGလေသံပြောင်းသွားတာလားပေါ့။
တကယ်တော့ယာယီသမ္မတရဲ့တောင်းဆိုချက်တွေဟာ ဖက်စစ်တပ်အနေနဲ့လိုက်လျောဖို့ မဖြစ်နိုင်တဲ့အချက်တွေပါပဲ။ မဖြစ်နိုင်တာတွေကို တောင်းဆိုလိုက်တာမို့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်မရှိဘူးဆိုတာ သွယ်ဝိုက်အသိပေးလိုက်ခြင်းဖြစ်တယ်လို့ ယူဆနိုင်တယ်။တကယ်လို့ အခုသတင်းစကားကို ဖက်စစ်တပ်ဖက်ကသာ တစ်စုံတစ်ခုတုန့်ပြန်လာခဲ့ရင် တွေ့ဆုံဆွေးနွေးရေးဟာ တကယ်အထမြောက်လာနိုင်မလားဆိုတာကလည်း စဉ်းစားရမယ့် တစ်ချက်ပဲ။
ယာယီသမ္မတရဲ့တောင်းဆိုချက်တွေထဲမှာ လိုအပ်နေတဲ့အချက်တွေကတော့
အသွင်ကူးပြောင်းရေးကာလတရားမျှတမှု နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်အဆုံးသတ်ရေး တို့ဖြစ်တယ်။
တော်လှန်ရေးဟာ အရင်းအနှီး အင်မတန်ကြီးပါတယ်။ ပေးဆပ်၊စွန့်လွှတ်ခဲ့ရတဲ့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေက အစားထိုးဖို့ ခက်ပါတယ်။ တကယ်လို့ဖက်စစ်တပ်နဲ့ ညှိနှိုင်းမယ်ဆိုရင် အဆိုပါပေးဆပ်စွန့်လွှတ်ရမှုတွေအတွက် တရားမျှတအောင် ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ NUGသမ္မတကြီးအနေနဲ့ မဖြစ်မနေ ထုတ်ဖော်ပြောဆိုဖို့ လိုမယ်။
ပြီးတော့မြန်မာပြည်မှာ ဗိုလ်နေဝင်းကစလို့ ဖက်စစ်တပ်အာဏာရှင်ခေါင်းဆောင်အဆက်ဆက်ဟာ သူတို့ကျူးလွန်ခဲ့မှုများအတွက် အရေးယူခံခဲ့ရခြင်း လုံးဝမရှိဘူး။2008ခြေဥခေတ်မှာလည်း နောက်ကြောင်းပြန်အရေးမယူရဆိုတဲ့ စည်းနဲ့ ဖက်စစ်ကောင်တွေရဲ့ကျူးလွန်မှုများကို ကာဗာပေးထားခဲ့ပြန်တယ်။ဒါကြောင့် အာဏာရှင်ရာဇဝတ်ကောင်အဆက်ဆက်ဟာ သူတို့ကျူးလွန်ခဲ့မှုများအတွက် ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရနေခဲ့ကြတယ်။ ဒီလိုကင်းလွတ်ခွင့်ရနေတာကိုက အာဏာသိမ်းမှုများကို အတင့်ရဲစွာ လက်ရဲဇက်ရဲ အကြိမ်ကြိမ်ကျူးလွန်စေဖို့ တွန်းအားပေးသလို ဖြစ်နေပါတယ်။NUG အနေနဲ့ ဖက်စစ်တပ်နဲ့တွေ့ဆုံမယ်ဆိုရင် ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရနေတာတွေကို အဆုံးသတ်ပြီး ကျူးလွန်သူတွေကို ခုံရုံးတင်အပြစ်ပေးနိုင်ဖို့လည်း ဆွေးနွေးသင့်တယ်။
အချုပ်ပြောရရင် ဖက်စစ်တပ်နဲ့တွေ့ဆုံညှိနှိုင်းရေးဟာ မလုပ်ဆောင်အပ်လို့တော့ တရားသေမဆုပ်ကိုင်စကောင်းပါဘူး။ တော်လှန်ရေးကို တွေ့ဆုံဆွေးနွေးရေးနဲ့ အဆုံးသတ်ရာမှာ အဆိုပါအချက်တွေလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့လိုတယ်။