ဘာလိုလိုနဲ့တမိုးကုန်ဆုံးလို့ပွင့်လင်းရာသီကိုပြန်ရောက်လာပြန်ပြီ။မနှစ်ကဒီလိုအချိန်ပွင့်လင်းရာသီရောက်တာနဲ့စစ်ကောင်စီဟာစစ်ကိုင်းတိုင်းကိုအနော်ရထာစစ်ဆင်ရေးဆိုပြီးထိုးစစ်ကြီးတစ်ခုစခဲ့တယ်။တော်လှန်ရေးတပ်ဖွဲ့တွေကြံကြံခံရင်ဆိုင်ခဲ့ရတယ်။ကရင်ပြည်နယ်လေးကေကော်ကိုလဲထိုးစစ်စဖို့ပြင်ဆင်နေတဲ့ကာလပေါ့။
ဒီနှစ်မှာပွင့်လင်းရာသီမှာတော့စစ်ကောင်စီတပ်တွေငြိမ်နေတယ်။ဘယ်ဒေသကိုမှစစ်ဆင်ရေးကြီးတွေလုပ်မယ်ဆိုတဲ့အသံမျိုးမကြားမိသေးဘူး။သူတိုအင်အားနည်းနေလို့ခံစစ်ပြင်နေတာလား၊တခုခုကိုကြိတ်ကြံနေတာလားတော့မပြောတတ်ဘူး။အလားတူပဲတော်လှန်ရေးအဖွဲ့တွေဘက်ကလဲလှုပ်ရှားမှုတွေနည်းပါးသွားသလိုပဲ။NUGကတစ်နှစ်အတွင်းအပြတ်တိုက်မယ်ပြောလို့ပြင်ဆင်နေကြတာလား၊တော်လှန်ရေးအရှိန်ကျသွားတာလားတော့မပြောတတ်ဘူး။နှစ်ဖက်စလုံးမှာဘယ်လိုတွေဖြစ်လာမလဲဆိုတာလာမယ့်လတွေမှာအဖြေပေါ်လာလိမ့်မယ်ထင်တယ်။