ရွှေဈေးနှုန်းတွေပြန်လည်ကျဆင်းဖို့ဆိုပြီးစစ်ကောင်စီကရွှေဒင်္ဂါတွေရောင်းချပေးမယ်လို့ကြေငြာထားတယ်။တကယ်လဲဒီနေ့နေပြည်တော်မှာစပြီးရောင်းပေးနေပြီ။ဒါပေမယ့်သူတို့သတ်မှတ်ထားတဲ့ပေါက်ဈေးတစ်ကျပ်သား၂၁သိန်းနဲ့ရောင်းပေးတာမဟုတ်ပဲအပြင်ပေါက်ဈေး၃၀သိန်းကျော်နဲ့ရောင်းနေတာပါ။
ရွေဒင်္ဂါးတကျပ်သား သိန်း ၃၀ နဲ့အပြင်ပေါက်ဈေးအတိုင်းသာရောင်းတာမှာ ဘာမြင်မိလဲဆိုရင်စစ်အုပ်စုဟာပြိုကျနေတဲ့ဒေါ်လာဈေးရွှေဈေးကိုထိန်းမှာမဟုတ်တော့ဘူး။ထိန်းနိုင်တဲ့အရည်အချင်းလည်းမရှိဘူး။ဒါအပြင် ရွှေဈေးဟာ ဘယ်နည်းနဲ့မှဒီထက်ထပ်မကျနိုင်တော့ဘူးဆိုတာသူတို့ကိုယ်တိုင် လက်ခံလိုက်တာကိုထင်ထင်ရှားရှား မြင်လိုက်ရတာပါပဲ။သူတို့သာ သူတိ့ုအရည်အချင်းကိုယုံရင်
သူတို့သတ်မှတ်တဲ့ ရွှေဈေးအတိုင်း ဘာလို့ မရောင်းတာလဲ ဒါကအဖြေပါပဲ။ဒေါ်လာဈေး ရွှေဈေး လေပတ်ကားနဲ့ပြန်ထိန်းဖို့ ကြိုးစားနေတာကလွဲရင်ဘယ်လိုဗျူဟာမှရှိမနေဘူး မြင်ရတယ်။
ဈေးကွက်ထဲကို ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့တာ ဆင့်ပါးစပ် နှမ်းပက်သလိုအာသာပြေယုံသာ ရှိစေမှာဖြစ်သလိုဘယ်သူတွေ ရမှန်းတောင် မသိရပါဘူး။နိုင်ငံရေးမတည်ငြိမ်မှု စစ်ရေးပြင်းထန်မှုတိုင်းပြည်မတည်ငြိမ်မှု တလွဲအမိန့်တွေ ထုတ်ပြန်ချက်တွေကြောင့်ကျပ်ငွေပေါ် ယုံကြည်မှု ကျဆင်းလာပြီး
ဒေါ်လာဈေးမြင့်တက်လာလို့ ရွှေဈေးမြင့်လာတယ်ဆိုတာ အရပ်သားတောင်အလွယ်တကူ သိနေ မြင်နေတာပဲလေ။ဒါကိုမှ ရွှေဈေးကို ထိန်းနိုင်ဖု့ိအတွက် ရွှေဒင်္ဂါးကို အပြင်ပေါက်ဈေးအတိုင်းထုတ်ရောင်းတာ ရွှေဈေးကျမယ်လို့ထင်နတောပါ။
ဒီတိုင်းဆိုရင် ခဏငြိမ်သွားတဲ့ ဒေါ်လာဈေးရွှေဈေးဟာ ေ့ရှထိုးမယ့်ဆင် နောက်တလှမ်းဆုတ်တယ်လို့တောင် မြင်လာနေမိတယ်။သေချာတာ ရုရှားသွားတယ်။ လက်နက်နဲ့ကုန်သွယ်မှု များလာလေ ပြည်တွင်းထဲမှာစစ်တပ်ရဲ့ ဒေါ်လာလိုအပ်ချက် မြင့်လာလေပဲ။မိုးပြိုတာကို ထန်းရွက်နဲ့ ကာလို့မရပါဘူး။ဘာအရည်အချင်းမှ မရှိတဲ့သူတွေလက်ထက်ဒီတိုင်းပြည် ဘာမဆို ဆက်ဖြစ်အုံးမှာပါ။ စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဒီအခြေအနေလက်ခံထားတယ်ဆိုတာ သူတို့ရောင်းတဲ့ရွှေဒင်္ဂါးတကျပ်ဈေး ကြည့်တာနဲ့ သိနိုင်နေပြီ။