Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဒေါ်လာအကြပ်အတည်းနောက်ကွယ်က စစ်ကောင်စီရဲ့ ရည်ရွယ်ချက် (၁)

August 1, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

စကစ ဟာ အာဏာသိမ်းတာထက် ပိုဆိုးရွားတဲ့ကိစ္စတစ်ခုကို ကြံစည်နေတယ်လို့ ယူဆရတယ်။

အချက်အလက်တွေအတော်များများပါတယ်။အတည်ပြုဖို့ လိုနိုင်သေးတဲ့ သတင်းတချို့ ၊

သတင်းအပိုင်းအစတချို့ နဲ့ ပြည်ပသတင်းတွေအရ ဖော်ပြဖို့ မလိုသေးတဲ့ တချို့ကိစ္စတွေကို

ချန်လှပ်ထားပြီး (ယူဆတယ် ၊ ထင်ရတယ် ၊ ခန့်မှန်းတယ် )စတဲ့ အသုံးအနှုန်းနဲ့ပဲ ပြောပါမယ်။

ဒေါ်လာတွေကို အကုန်၀ယ်သိမ်းတာ ၊ ကုမ္ပဏီတွေကို ပြည်ပချေးငွေ မဆပ်ခိုင်းတာတွေက

စီးပွားရေးပျက်ကပ် ဖြစ်နိုင်တယ်ဆိုတာ စကစဘက်က မသိမဟုတ် သေချာပေါက်သိမှာ။

ဒီလောက်ထိ Risk ယူပြီးလုပ်ရလောက်တဲ့ နောက်ကွယ်ကအကြောင်းက ဒေါ်လာငတ်နေတာထက် ပိုတဲ့ကိစ္စဖြစ်နိုင်တယ်။ကုမ္ပဏီတွေက ဆပ်စရာရှိတဲ့ ပြည်ပ ကြွေးမြီတင်(USD 1.2 Billions) ရှိတာမို့ အနီးစပ်ဆုံး တစ်ဘီလျံကျော် ၀ယ်သိမ်းလိုက်တယ်လို့ခန့်မှန်းရတယ်။ စကစမှာ အခြား၀င်ငွေ

ရပေါက်ရလမ်း ရှိနေသေးတာမို့ အားလုံးဒေါ်လာဘီလျံ ကျော် တန်ဖိုး ရှိမယ်လို့ တွက်နိုင်တယ်။

အခုတစ်ခေါက် ဒေါ်လာ ၀ယ်သိမ်းတဲ့ပမာဏာဟာAir Force အစိတ်အပိုင်းတွေ ဖြည့်တင်းရမဲ့

ဘတ်ဂျက် ထက် များသလို လက်ရှိ စစ်သုံးစရိတ်ထက်လည်း အတော်များနေတယ်။

 

ဒေါ်လာ ဘီလျံကျော် နဲ့ စကစ ဘာလုပ်လို့ရလဲ?

ဒီရက်ပိုင်းထဲမှာ မအလ ရုရှားကိုသွားတယ်။ဘုရားထီးတော်တင်တာကအစ ရုရှား အာကာသ အေဂျင်စီ နဲ့

တွေ့တဲ့အဆုံး ဖော်ပြထားတယ်။ ဒါတွေက ဟန်ပြ သက်သက်ပါပဲ။

တစ်ဖက်က အတည်မပြုနိုင်တဲ့ ပြည်တွင်းသတင်း နဲ့ပြည်ပသတင်းအရ မကြာခင် စကစ Air Force ကို

တိုက်လေယာဉ်(Mig29) တစ်အုပ် ရောက်လာဖို့ရှိပါတယ်။အစီးရေ ၁၀ – ၁၂ အထိ ပါ၀င်နိုင်တယ် သူနဲ့အတူ

ဆက်စပ်ပစ္စည်းတွေပါ အကုန်ပါလာမယ်။ အားလုံး သိတဲ့အတိုင်း တိုက်ပွဲမှာ စကစ က လေကြောင်းကို ဖိသုံးနေရတာပါ။ ရှိတဲ့လေယာဉ်  Operation လုပ်လွန်းလို့တချို့ in service မဖြစ်တော့ဘူး။

လေတပ်သာ မသုံးနိုင်ရင် Civil War မှာ စကစ ရှုံးမှာ သေချာသလောက်ရှိတယ်။လက်ရှိသုံးနေတဲ့ လေယာဥ်တွေက Overdutyတွေဖြစ်နေကြောင်း ရှေ့ Post မှာ ထောက်ပြဖူးတယ်။ဒါကို Cover လုပ်ဖို့ လေတပ်ကို တိုက်လေယာဉ်အသစ်​‌တွေနဲ့ ဖြည့်တင်းတာ ဖြစ်နိုင်ချေရှိပါတယ်။ ထူးခြားတာက ဒီလေယာဉ်တွေက ရုရှားဆီက လာတာမဟုတ်ပဲ ရုရှားလက်အောက်​​ဝေခံ ဘလာရုစ်ရဲ့ Mig29 ပါ။

ကမ္ဘာပေါ်မှာ နောက်ဆုံး လက်ကျန် Mig29 တွေဖြစ်တယ်။ ရှေ့လတွေ ကတည်းက ဒီလေယာဉ် တွေကို ဘလာရုစ်ကExport လုပ်ဖို့ လက်ကျန်၀ယ်လက် ရှာနေတယ်လို့ သတင်းထွက်ထားတာရှိတယ်။

Mig29 တိုက်လေယာဥ်တွေဟာ စကစ Pilot တွေအဖို့ လေ့ကျင့်သားကျနေပြီးသားဖြစ်လို့ Training ပြန် ဆင်းစရာမလိုတော့ပဲမြေပြင်မှာ ချက်ချင်း တိုက်ပွဲ၀င်နိုင်မှာဖြစ်တယ်။ စကစအနေနဲ့ ဘီလာရုက လက်ကျန်ထုတ်မဲ့Mig29 တွေ အရယူနိုင်ချေရှိတယ်။မြန်မာကသာ လက်ခံယူရင် ဒေါ်လာ သန်းရာချီ

ရုတ်တရက် လိုလာမှာမို့ ဒီပြဿနာကို ဖြေရှင်းဖို့ လိုတယ်။(သူ့ဖောက်သည် ရုရှားလို အကြွေးမရနိုင်ဘူး

တည်ဆဲအစိုးရမဟုတ်တဲ့အပြင် အာဏာသိမ်းစစ်ဦးစီးချုပ်အနေနဲ့ပဲ အသိအမှတ်ပြုထားတာကြောင့်ရယ်

ရုန်းကန်နေတဲ့အစုအဖွဲ့ဖြစ်တာကြောင့်ရယ် အကြွေးမရတော့ပါ)

ဒီဟာယူဖို့အတွက်ရုရှားကမီးစိမ်းပြဖို့လိုတယ်။ရုရှားမီးစိမ်းပြဖို့အတွက်အခုကိစ္စအပြင်အောက်မှာဖော်ပြထားတဲ့ အချက်တစ်ချက်လည်း ရှိနေပါတယ်။မင်းအောင်လှိုင်အနေနဲ့ ရုရှားကို မျက်နှာချိုသွေးဖို့ အတွက် ကြည်ဖြူမဲ့ကိစ္စ လုပ်ပြဖို့လိုတယ်။မင်းအောင်လှိုင် ရုရှားမသွားခင်မှာ ဗြိတန်နိုင်ငံဆိုင်ရာ အမတ်ကြီးကို အတင်းအဓမ္မ တိုင်းပြည်ကနေနှင်ထုတ်လိုက်တာ ဘာကြောင့်ထင်လဲ? .UK က ရုရှားကျူးကျော် စစ်ပွဲမှာ ယူကရိန်းကို ယူရို ၁ဘီလျံ အထိ ထောက်ပံ့ပေးထားသလို စစ်ရေးအရ အများကြီး ကူညီနေတာရှိတယ်။

ကီယက်မှာ ယူကေ၀န်ကြီးချုပ်နဲ့ ယူကရိန်းသမ္မတဇလန်စကီး အတူလမ်းလျှောက်နေတာကို ကြည့်ရင်

ဘယ်လောက်ထိ Allies ဖြစ်တယ်ဆိုတာ မြင်ရမှာပါ။

မင်းအောင်လှိုင် ရုရှားရောက်နေတုန်းမှာ နူကလီယားအေဂျင်စီ နဲ့အာကာသအေဂျင်စီ နှစ်ခုနဲ့ ဆွေးနွေးတာ

မှတ်မိကြလိမ့်မယ်။ရုတ်တရက်ကြည့်ရင် နှစ်ခုစလုံးက မအလအဆင့်နဲ့လက်လှမ်းမှီစရာမရှိပေမဲ့

ကျွန်တော်တို့သိထားရမှာက အမေစုလက်ထက်တုန်းကရုရှားနဲ့မြန်မာအာကာသအတွင်းလက်နက်တပ်ဆင်မှု

ဦးစွာစတင်ခြင်းမပြုရေးလက်မှတ်ရေးထိုးတဲ့ကိစ္စတစ်ခုရှိခဲ့တယ်။

ဒီဇင်ဘာ ၂၁ရက် ၂၀၂၀ ကပါ။ အဲဒီကိစ္စမှာ ရုရှားက မအလတို့ကို အသုံးချတာ ဖြစ်ပေမဲ့ အခုအချိန်မှာ

ဒါကိုအခွင့်ကောင်းယူပြီးရုရှားကိုအာကာသနဲ့ပတ်သက်တာတစ်ခုခုတောင်းဆိုနိုင်တယ်။အဖြစ်နိုင်ဆုံးပြောရရင် ရုရှားရဲ့ စစ်ရေးဂြိုလ်တုတွေကို သုံးခွင့်ရရေး ဖြစ်နိုင်တယ်။အကယ်လို့သာ ဂြိုလ်တုတစ်လုံး ကို သုံးခွင့်ရရင် ပျောက်ကြားစစ်တိုက်နေရတဲ့ အဖွဲ့တွေ အများကြီးခက်ခဲသွားနိုင်တယ်။ပျောက်ကြားတိုက်ဖို့ အခွင့်နည်းသွားနိုင်တယ်။ကြိုတင်လက်ဦးမှုယူပြီးတိုက်ခိုက်ခံရနိုင်တယ်။စစ်ပွဲတချို့ရဲ့အဖြေတောင်ဖြစ်နိုင်တယ်။သုံးခွင့်ရဖို့ လုံး၀(လုံး၀)မလွယ်နိုင်ဘူး။ဘာလို့လဲ…

ဆက်ရေးရင် တခြားကိစ္စတွေပါ ပါလာမယ်။ဒါကို တစ်ချက် ချန်လှပ်ခဲ့ပါရစေ။အကယ်လို့သာ

သုံးခွင့်ရခဲ့ရင် ဒေါ်လာသန်းပေါင်းများစွာ ပေးရနိုင်တယ်။ ရုရှားက အခုအချိန် စစ်ပန်းနေတဲ့ အချိန်ဖြစ်လို့

(ဘတ်ဂျက်လိုမလို) ဘာလုပ်မယ်ဆိုတာ ပြောရခက်တယ်။အကယ်လို့ စစ်ရေးဂြိုလ်တု သုံးခွင့်ရရင်

စကစရဲ့လက်နက်ကြီး ပစ်နိုင်စွမ်း နဲ့အလားအလာ ကို ထည့်တွက်ရတော့မှာပါ။ အလားအလားဆိုတာ

အရင်ကတည်းက စခန်းတည်နေရာတွေကိုပစ်မှတ် မှတ်ပုံတင်ပြီးဖြစ်ပေမဲ့ ဒါတွေဂြိုလ်တုက ကြည့်ပြီးပစ်မယ်လို့ဆိုလိုတာမဟုတ်ဘူး။ ဂြိုလ်တုကနေ လှုပ်ရှား စစ်ကြောင်း၀င်လာမဲ့အင်အားစုကို တိုက်ရိုက်မြင်နိုင်ပြီးလက်ရှိ အင်အားစုဖွဲ့ ရောက်ရှိနေရာကို လက်နက်ကြီးနဲ့ပစ်နိုင်ချေကိုဆိုလိုတာဖြစ်တယ်။

ပျောက်ကျား လှုပ်ရှားအင်အား လမ်းကြောင်းကိုဂြိုလ်တုကနေ တိုက်ရိုက်စောင့်ကြည့်နေနိုင်တာမို့

ပျောက်ကြားစစ်တိုက်နေရတဲ့အဖွဲ့တွေခက်ခဲသွားမယ်လို့ ပြောတာပါ။ စစ်ကြောင်းရွေ့နေတုန်း လက်နက်ကြီးနဲ့ပစ်ခံရခဲ့ရင် (သို့) လေယာဉ်နဲ့ဗုံးလာကြဲခဲ့ရရင်

ထည့်စဉ်းစားရတော့မယ်အချက်ဖြစ်တယ်။( ဟိုးအရင်က နိုင်ငံကြီးတစ်ခုက ဂြိုလ်တု ကနေ မြေပုံအညွန်း ကူပေးလို့ တိုင်းရင်းသားတစ်ဖွဲ့ က မြန်မာစစ်တပ် လှုပ်ရှားစစ်ကြောင်းကို လက်နက်ကြီးနဲ့ ပစ်တာ

ဖြစ်ခဲ့ဖူးတဲ့ Case ရှိပါတယ် အတိအကျမပြောလိုပါ)

ဒီနေရာမှာမင်းအောင်လှိုင်နဲ့တွေ့ပြီးရုရှားအာကာသအေဂျင်စီအကြီးအကဲဖြုတ်ခံရတာကမအလအရှက်ကွဲရုံသာသာတိုက်ဆိုင်မှုတစ်ခုပဲဖြစ်နိုင်တယ်။အများထင်နေတဲ့ နူကိစ္စ က သာမန် နိုင်ငံရေး လှည့်ကွက်တစ်ခုပဲ

ဖြစ်နိုင်ချေရှိပါတယ်။အင်အားကြီးနိုင်ငံတွေဟာ ဘယ်လောက် တန်ကြေးပေးပေး နူဗုံးကို အလုံးလိုက်

မရောင်းဘူး ရှေ့မှာ သာဓကတွေရှိဖူးတယ်။

Hightlight Point မဟုတ်လို့ ချန်ထားခဲ့ပါရစေ။ပူတင်က မင်းအောင်လှိုင်ကို အဖက်မလုပ်ကတည်းက

ဒီလို မဟာဗျူဟာမြောက်လက်နက် အလုံးလိုက် ကိစ္စအတွက် မဖြစ်တန်ဘူးဆိုတာ ရှင်းပါတယ်။

တိုင်းပြည်သာ Failed State ဖြစ်ခဲ့ရင် အဲဒီလက်နက်တွေနဲ့ ဆက်ရပ်တည်နိုင်မယ်၊ ဝေဖန် ကန့်ကွက်ကြမဲ့ နိုင်ငံကြီးတွေကို အာခံနိုင်မဲ့နည်းလို့ စကစဘက်က တွေးထားတာ ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တိုင်းပြည်စီးပွားရေးအပျက်ခံ ၊ နာမည်ပျက်ခံပြီးဒေါ်လာတွေ သိမ်းသွားတဲ့အကြောင်းအရင်းက

လက်နက်တွေ အမြန်လက်လွှဲယူဖို့ ဆိုတဲ့ ကိစ္စက ဘယ်လောက်ဖြစ်နိုင်မလဲ တွက်ကြည့်ပါ။

 

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English