ဒီနေ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့မွေးနေ့တဲ့။သူ့မွေးနေ့မှာတော့ပြည်သူတွေကသူ့ဓာတ်ပုံတွေကိုအသုံးပြုပြီးအိမ်သာသပိတ်၊ဖိနပ်နဲ့တက်နင်းတဲ့သပိတ်၊မီးရှို့တဲ့သပိတ်တွေပြုလုပ်ကြတယ်။ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲနဲ့သဘောထားပုံကနံ့သာဆီနဲ့ချီးလိုကွာတယ်။ ပြည်တွင်းကိုအာဆီယံကိုယ်စားလှယ်ဒုတိယအကြိမ်အဖြစ်ရောက်ရှိနေပြီးမင်းအောင်လှိုင်အလိုကျအပစ်ရပ်ထားတဲ့အဖွဲ့တွေနဲ့ပဲတွေ့ဆုံခွင့်ရတယ်။အာဆီယံဟာအခုချိန်ထိဘာမှအကြောင်းမထူးသေးပဲစစ်ကောင်စီကိုချော့ပေါင်းနေရဆဲပဲ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...