Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အမေရိကန်ရဲ့NDAA ကနေ မြန်မာ ဘာတွေမျှော်လင့်နိုင်မလဲ

December 27, 2021
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

“ဒီမိုကရေစီဟာ ဘယ်နေရာမှာ ထိပါးတိုက်ခိုက်ခံနေရသည်ဖြစ်စေ အဲဒီအတွက် အမေရိကန်က ရပ်တည်သွားမှာဖြစ်ပါတယ်”

အထက်ပါ နှုတ်ထွက်စကားကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာနိုင်ငံ၌ စစ်တပ်က တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ်ပြီးပြီးချင်း ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

‘ဒီမိုကရေစီကို ကာကွယ်ရေးသည် အမေရိကန်၏ တာဝန်ရှိမှု’ ဟု အဓိပ္ပာယ်ဆောင်သော ယင်း သတင်းစကားနှင့်အတူ အမေရိကန်သမ္မတက လွတ်လပ်ခွင့်နှင့် အနာဂတ်များပျောက်ဆုံးသွား သောမြန်မာပြည်သူများဘက်မှ ရပ်တည်လိုက်သည်။

အပြောနှင့် အလုပ်ကို ထပ်တူညီကြောင်း သက်သေပြရန် အမေရိကန်သမ္မတရှေ့မှောက်သို့ ကွန်ဂရက် (လွှတ်တော်)ကပေးပို့လိုက်သော ဥပဒေကြမ်းတစ်ရပ်ရောက်ရှိနေပါပြီ။ အမျိုးသားကာ ကွယ်ရေးဥပဒေ(NDAA)မူကြမ်းကို လွှတ်တော်နှစ်ရပ်က အတည်ပြုခဲ့ပြီး သမ္မတလက်မှတ်ရေး ထိုးအတည်ပြုနိုင်ရန်အိမ်ဖြူတော်သို့ပေးပို့လိုက်ခြင်းဖြစ်သည်။ပုံမှန်အားဖြင့် NDAA သည် အမေရိကန်၏ အမျိုးသားကာကွယ်ရေးနှင့်သက်ဆိုင်သည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် သီးခြားပြဌာန်းချက်များကို ထည့်သွင်းလေ့မရှိပေ။ သို့သော် ၂၀၂၂ အတွက်ရေးဆွဲသော ယင်း NDAA မူကြမ်းတွင် မြန်မာ့အရေးကို ဆယ်စုနှစ်ပေါင်းများစွာ အလေးထားလှုပ်ရှား ခဲ့သူ အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်က ပြင်ဆင်ချက်အချို့ဖြည့်သွင်းခဲ့သည်။

“အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက်မှာ ဆီနိတ်တာတွေအနေနဲ့ သူတို့လိုချင်တာလေး ထည့်ပေးလို့ ရတာကို ထည့်ပေးလိုက်တာ။ ဆိုလိုချင်တာက အရေးကြီးတယ်ဆိုတဲ့ သဘောဆောင်တယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စဟာ အရေးကြီးတဲ့သဘောဆောင်လို့ ဒီဆီနိတ်တာက ဒီလိုတွဲထည့်လိုက်တာ” ဟု အမေရိကန်၊ Carleton College နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ဒေါက်တာထွန်းမြင့်က NDAA တွင် မြန်မာ့အရေးအတွက် ဆီနိတ်တာ မက်ကောနဲလ်၏ ကြိုးပမ်းမှုကို မှတ်ချက်ပြုသည်။

စာမျက်နှာပေါင်း ထောင်နှင့်ချီသော ယင်းဥပဒေမူကြမ်းတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ သီးသန့်ထည့်သွင်းထားသော စာမျက်နှာ ၅ မျက်နှာပါဝင်ပြီး ပြင်ဆင်ချက်များသည် လက်ရှိ မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို များစွာအထောက်အကူပြုနိုင်သော အချက်များဖြစ်သည်ဟု ယူဆကြောင်း Wilson Center’s Asia Program အများပြည်သူမူဝါဒဆိုင်ရာ သုတေသီ ကိုရဲမျိုး ဟိန်းက ပြောသည်။

NDAA မူကြမ်းတွင် မြန်မာအာဏာသိမ်းစစ်တပ်ကို ပိုမိုဒဏ်ခတ်အရေးယူရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒီမိုကရေစီအင်အားစုများကို အားပေးထောက်ခံရေး အပါအဝင် ဒီမိုကရေစီလမ်း ကြောင်းပေါ်အမြန်ဆုံးပြန်လည်ရောက်ရှိရေး၊ CDM များကို ကူညီထောက်ပံ့ရေး စသည့် အမေရိကန်အစိုးရ လုပ်ဆောင်ရမည့်အချက်များကို ထည့်သွင်းထားသည်။

မြန်မာစစ်တပ်အပေါ် အမေရိကန်နှင့် နိုင်ငံတကာကဒဏ်ခတ်အရေးယူထားမှုများ၏ သက်ရောက်မှုကို ဆန်းစစ်ခြင်းနှင့် ထပ်တိုးဒဏ်ခတ်အရေးယူမှုများလုပ်ဆောင်ရေး၊ စစ်ကောင်စီကို တရားဝင်မှုမပေးဘဲ ပယ်ချရေး တိုက်တွန်းချက်များကို ဥပဒေမူကြမ်း၌ဖော်ပြသည်။

ထို့အပြင် စစ်တပ်၏ရက်စက်ယုတ်မာမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ခံမှုရှိစေရေး၊ တိုင်းရင်းသားအဖွဲ့များအကြားစစ်မှန်သည့်အမျိုးသားရင်ကြားစေ့ရေးဖြစ်ပေါ်ရေး၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရေး အချက်များလည်းပါဝင်သည်။

“ဒီနှစ်အစောပိုင်းမှာ မြန်မာနိုင်ငံရဲ့ တရားမဝင်၊ ရွေးချယ်ခံမဟုတ်တဲ့ စစ်ကောင်စီက တိုင်းပြည်ရဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကိုဆန့်ကျင်တဲ့ အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကို ကျွန်တော် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ နောက်ပြီး အရပ်သားတွေအပေါ် သူတို့ကျူးလွန်နေဆဲ အဆင်ခြင်မဲ့အကြမ်းဖက်မှုတွေနဲ့ သူတို့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေအပေါ် တရားစွဲဆိုခြင်းတွေကိုလည်း ရှုတ်ချပါတယ်။ ဒီအကြပ်အတည်းကိုဖြေရှင်းဖို့ဆိုရင် NDAA လုပ်ငန်းစဉ်ကတဆင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ရဲ့အားပေးထောက်ခံမှုကို ထပ်လောင်းအတည်ပြုဖို့ ပါတီနှစ်ခုရဲ့ကြိုးပမ်းမှုကို ကျွန်တော် ဦးဆောင်ခဲ့ပါတယ်” ဟု အထက်လွှတ်တော်အမတ် မက်ကောနဲလ်ကပြောသည်။

နှစ်ပေါင်း ၄၀ နီးပါး အထက်လွှတ်တော်အမတ်တာဝန်ထမ်းခဲ့သူ မက်ကောနဲလ်က ဥပဒေမူကြမ်းဖြင့် လွှတ်တော်၏ လုပ်ပိုင်ခွင့်ထဲမှ အစိုးရကိုမြန်မာ့အရေးအပေါ် စဉ်ဆက်မပြတ်အာရုံစိုက်နေရန် ထိန်းကျောင်းထားပြီး အစိုးရ၏လုပ်ဆောင်နေမှုများကို အစီရင်ခံရမည့် ဝန်ကြီးဌာန သို့မဟုတ် တာဝန်ရှိသူများကို တစ်ပါတည်းသတ်မှတ်ပေးထားသည်။

“အဲဒီလို oversight (ထိန်းကျောင်း) လုပ်တဲ့နေရာမှာ NUG ကို ထောက်ခံအားပေးပြီးတော့ တရားဝင်မှုရအောင် အစိုးရအနေနဲ့ ဘာတွေလုပ်နေလဲဆိုတာကို လာပြီးအစီရင်ခံရာမှာ ထည့် သွင်းတင်ပြရမယ်ဆိုတဲ့အချက်ပါတယ်။ ပြီးတော့ စစ်ကောင်စီနဲ့ပတ်သက်ပြီး တရားဝင်မှု လုံး၀မပေးဖို့၊ စစ်ကောင်စီကို အသိအမှတ်မပြုဖို့ ကိစ္စနဲ့ပတ်သက်ပြီးလည်း ဘိုင်ဒန်အစိုးရအနေနဲ့ ဘာလုပ်နေလဲဆိုတာကို အဲဒီအစီရင်ခံတင်ပြရမယ့်အထဲမှာ ထည့်သွင်းတင်ပြရမယ်ဆိုတာ ပါတယ်။ ဆိုတော့ ဘိုင်ဒန်အစိုးရက ဘာလုပ်သင့်လဲ ဘယ်အချက်တွေကို လုပ်သင့်လဲဆိုတာကို အဲဒီနည်းနဲ့ချုပ်ထားတာပေါ့။ ဘိုင်ဒန်အစိုးရက သူလုပ်နေတာတွေကိုပြန်လာတင်ပြတဲ့အခါNUGကိုထောက်ခံမှုပေးတဲ့၊NUGကိုတရားဝင်မှုရအောင်လုပ်ပေးတဲ့ လုပ်ငန်းတွေဖြစ်ဖို့ လိုတယ်ဆိုတာ ဒါနဲ့ထောက်ထားတာဖြစ်တယ်။ တဖက်မှာလည်း စကစကို လုံး၀ တရားဝင်မှု မပေးဖို့ ဆိုတဲ့အချက်ကို ဒီအချက်နဲ့ထောက်ထားတာဖြစ်တယ်” ဟု နိုင်ငံရေးသုတေသီ ကိုရဲမျိုးဟိန်းက သုံးသပ်သည်။

ထို့အပြင် NDAA တွင် ထူးခြားပြီး အရေးကြီးသည့်တိုက်တွန်းတောင်းဆိုချက်တစ်ခုမှာ မြန်မာ့အရေးတွင် တရုတ်နှင့် ရုရှားတို့၏ ပါဝင်ပတ်သက်မှုရှိ၊ မရှိကို ဘိုင်ဒန်အစိုးရက လွှတ်တော်ကို ရှင်းပြရန် ဖြစ်သည်။

“တရုတ်နဲ့ရုရှားက မြန်မာနိုင်ငံမှာ နည်းဗျူဟာ၊ မဟာဗျူဟာအရ ဘာတွေ စိတ်ဝင်စားပြီး မြန်မာနိုင်ငံရဲ့စစ်ကောင်စီကို ဘယ်လို Supporting လုပ်ရသလဲဆိုတာကို ရှင်းပြရမယ်။ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို ဒီကောင်တွေ ဝင်ပြီးတော့ စော်ကားနေသလားဆိုတာကို ရှင်းပြဖို့ မေးထားတယ်” ဟု Carleton College နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ဒေါက်တာထွန်းမြင့်က ပြောသည်။

NDAA တွင် မြန်မာ့အရေးကို ဘိုင်ဒန်အစိုးရလုပ်ဆောင်နေမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာန လေးခုကို တိကျစွာသတ်မှတ်ကာရှင်းပြရန် ထည့်သွင်းပြဌာန်းခြင်းမှာ အလဟဿမဟုတ်ဘဲ အလုပ် တစ်ခုခုလုပ်လို၍ ရှင်းပြခိုင်းခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းမြင့်က သုံးသပ်သည်။

“အင်မတန်အရေးကြီးတယ်ဆိုတာ သဘောပေါက်ရမယ်။ Action လာမယ်ဆိုတာ သဘောပေါက်ရမယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန်အစိုးရသည် ဖေဖော်ဝါရီ ၁ နောက်ပိုင်း အကြမ်းဖက်စစ်တပ် ခေါင်းဆောင်ပိုင်းနှင့် တာဝန်ရှိသူများအပေါ် ၁၀ ကြိမ်အထိ ဒဏ်ခတ်အရေးယူပိတ်ဆို့မှု လုပ်ဆောင်ထားပြီး လက်ရှိ ကျူးလွန်နေဆဲပြစ်မှုများအတွက် ထပ်တိုးဒဏ်ခတ်မှုများလုပ်ဆောင်ရန်လည်း သုံးသပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က မကြာသေးမီက မလေးရှားခရီးစဉ်တွင် ပြောကြားခဲ့သည်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်၏လုပ်ဆောင်မှုများသည် ယခုနောက်ပိုင်းတွင် ပိုမို ပုံပေါ်လာသည့်အနေအထားတွေ့ရသော်လည်း အကြမ်းဖက်စစ်ကောင်စီကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တစုတစည်း ညီညွတ်သော အားကောင်းသည့် တုံ့ပြန်မှုရှိရန် လိုအပ်ကြောင်း ထောက်ပြမှုများရှိသည်။

“အမေရိကန်ရဲ့ အခု ချဉ်းကပ်ပုံ ပိုအားကောင်းလာတယ်။ ပိုပြီးတော့လည်း လက်တွေ့ဆန်တဲ့ လှုပ်ရှားမှုတွေ ပိုပါလာတယ်။ ဘယ်လိုအရေးယူပိတ်ဆို့မှုတွေလုပ်လဲရနိုင် သေးလဲဆိုတာ စဉ်းစားလာတာတွေ့ရတယ်။ ဒီလောက်နဲ့မလုံလောက်သေးဘူးလို့ ကျွန်တော်ထင်တယ်။ ဒီထက်ပိုပြီးတော့ ခိုင်မာတဲ့ မဟာမိတ်တွေအားလုံးနဲ့ပူးပေါင်းဆောင်ရွက်တဲ့မူဝါဒ ရှိဖို့လိုနေသေးတယ်လို့ ကျွန်တော်မြင်တယ်” ဟု ကိုရဲမျိုးဟိန်းက မှတ်ချက်ပြုသည်။ထို့အပြင်အမေရိကန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ခုစလုံး၏ အတည်ပြုချက်မရရှိသေးသည့် မြန်မာ့အရေးဥပဒေမူကြမ်းနှစ်ခု ရှိနေသည်။ Burma Act နှင့် အမေရိကန် ဘတ်ဂျက်ဥပဒေမူကြမ်းတို့ဖြစ်သည်။

Burma Act ဟု လူသိများသော Burma Unified through Rigorous Military Accountability Act of 2021 ဥပဒေမူကြမ်းကို အောက်လွှတ်တော်ရှိ ဒီမိုကရက်တစ်နှင့် ရီပက်ဗလစ်ကန် နှစ်ပါတီစလုံး၏ ထောက်ခံမှုကို ရရှိထားပြီး အထက်လွှတ်တော်တွင် ရီပက်ဗလစ်ကန်၏ ထောက်ခံ မရရှိသေးကြောင်း ယင်းဥပဒေအတည်ပြုရေးလှုပ်ရှားနေသည့် US Advocacy Coalition for Myanmar အဖွဲ့က ပြောသည်။ Burma Act သည် မြန်မာနိုင်ငံအတွက် သီးသန့်ရေးဆွဲထားသော ဥပဒေမူကြမ်းဖြစ်သည်။

အဆိုပါ Burma Act ဥပဒေကြမ်းအတည်ပြုနိုင်ရန် အလွန်အရေးကြီးပြီး အတည်ပြုပြီးပါက မြန်မာပြည်ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများကို လူသားချင်းစာနာမှု အကူအညီ ဒေါ်လာသန်း ၂၂၀ ပေးမည်ဖြစ်ပြီး ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေသော အင်အားစု များ၊ မီဒီယာများကို ၂၀၂၂ မှ ၂၀၂၇ အထိ နှစ်စဉ် ဒေါ်လာ သန်း ၅၀ ပေးမည်ဟု US Advocacy Coalition for Myanmar က ရှင်းပြသည်။

Burma Act တွင် အကြမ်းဖက်စစ်ကောင်စီထံ ငွေကြေးစီးဝင်နေဆဲ မြန်မာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း(MOGE)ကိုပိတ်ဆို့မှုများလုပ်ဆောင်ရန် အသုံးအနှုန်းများပါဝင်ပြီး NDAA ပါ ပြင်ဆင်ဖြည့်စွက်မှုထက် ပိုမိုပြည့်စုံကြောင်း အထက်ပါစည်းရုံးလှုပ်ရှားရေးအဖွဲ့က ပြောသည်။

အဆိုပါ Burma Act ဥပဒေအဖြစ်ထွက်ရှိလာပါက မြန်မာပြည်သူများကို အကူအညီများစွာ ပေးနိုင်မည်သာမက အကြမ်းဖက်စစ်ကောင်စီကိုလည်း အားယုတ်စေမည်ဖြစ်ကြောင်း ယင်းအဖွဲ့က မှတ်ချက်ပြုသည်။Burma Act ကဲ့သို့ပင် လွှတ်တော်နှစ်ရပ်၏ အတည်ပြုချက်မရရှိသေးသော ဥပဒေမူကြမ်းမှာ အမေရိကန်အစိုးရ၏ဘတ်ဂျက်ဥပဒေ(Appropriation Bill)ဖြစ်သည်။ ယင်းမှာ မြန်မာအတွက် သီးသန့်ရေးဆွဲထားခြင်းမဟုတ်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဒေါ်လာ သန်း၁၃၆သန်းကျော်ထက်မနည်းကူညီထောက်ပံ့ရန်လျာထားချက်ပါဝင်သည်။ယင်းဘတ်ဂျက်ဥပဒေကြမ်းအတည်ပြုနိုင်ပါက NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသမီးနှင့် ကလေးသူငယ်ဝန်ကြီးဌာန နှင့် CDM များကို ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ် သည်။

အမေရိကန်၏အထက်ပါဥပဒေမူကြမ်း၃ခုအနက်NDAAကိုယခုနှစ်မကုန်မီတွင်သမ္မတဘိုင်ဒန်လက်မှတ်ရေးထိုးအတည်ပြုနိုင်ဖွယ်ရှိနေပြီး ကျန်ဥပဒေမူကြမ်း နှစ်ခု အတည်ပြုနိုင်ရေးအတွက် လွှတ်တော်ကို ဆက်လက်ဖိအားပေးလုပ်ဆောင်ရမည်ဟု စည်းရုံးလှုပ်ရှားသူများက ပြောသည်။

တချိန်တည်းတွင် အမေရိကန်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အသိအမှတ်ပြုရေး ပိုမိုအရှိန်ပြင်းထန်လာမည်ဟု Carleton College နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ဒေါက်တာထွန်းမြင့်က မှတ်ချက်ပြုသည်။

 

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English