NUG/CRPH မှာလှူထားတဲ့ ဒေါ်လာ ၁၇ သန်းကျော် ဘယ်ရောက်?
လက်နက်ဝယ်တယ်၊ သင်တန်းစရိတ်အတွက်သုံးတယ်။ လိုအပ်တဲ့ CDM တွေကို ကူညီထောက်ပံ့တယ်။ ဘဏ္ဍာရေးဌာနမှာ စာရင်းပြုစုပေးတဲ့ နိုင်ငံတကာ အဆင့် လက်မှတ်ရထားတဲ့ ပညာရှင်တွေအများကြီး လုပ်အားပေးနေပါတယ်။စာရင်းစစ်လဲရှိတယ်။တကယ်တော့ ဒေါ်လာ ၁၇ သန်း ကျော် ဆိုတာ NUG အတွက် ဆင်ပါးစပ် နမ်းပက်ပါ။ NUG တခုလုံးရဲ့ ဘက်ဂျက်လိုအပ်ချက်က ဒေါ်လာ သန်း ၈၀၀ ပါ။ ရ အောင်လဲ လုပ်နေပါတယ်။ မကြာခင် ရတော့မှာပါ။
Local PDF တွေကို လက်နက် တပ်ဆင်ပေးပါ …
လုပ်နေပါတယ်။ မြို့နယ် ၃၃၀ အားလုံး နှံ့အောင်တော့ စောင့်ရမှာပေါ့။ တနိုင်ငံလုံးမှာရှိတဲ့ သိန်းချီသော PDF တွေအတွက် လိုအပ်ချက်တွေတော့ အများကြီးပါ။ တမြို့နယ် အလက် ၁၀၀ ပေးဖို့ ဆိုရင်တောင် ၃၃၀၀၀ လိုအပ်တယ်။ လက်ရှိ အလှူခံထားတဲ့ ဒေါ်လာ ၁၇ သန်း ဖိုး ဝယ်ရင်တောင် အလက် ၅၀၀၀ လောက်ပဲရမယ်။ အံ့သြဖို့ကောင်းတာက အဲ့ထက်မက တော့ဘူး။
PDF အားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်ပါ။
အမှန်အကန် PDF တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ မနားမနေ လုပ်နေပါတယ်။ ဘယ်လိုလုပ်တယ် ဆိုတဲ့ နည်းနာကတော့ ကျနော်တောင်မသိဘူး။ ဒါပေမယ့် ဂျင်း PDF တော့ သတိထားရမှာပေါ့။ စကစ ဖက်က PDF အတုတွေ ထောင်ထားတာလဲရှိတယ် သတိထား။ PDF ဆိုတဲ့ လူတိုင်းနဲ့ မဆက်သွယ်နဲ့။ အသွင်ယူ PDF လှူမိတဲ့ အလှူရှင်တွေ အဖမ်းခံရတာတောင်မနည်းတော့ဘူး။
တိုင်ရင်းသား လက်နက်ကိုင်တွေကို စည်းရုံးပါ။
လိုလို့လားဗျာ၊ သူတို့က အရင်ကတည်းက တော်လှန်နေတဲ့ အင်အားစုတွေပဲ။ တကယ်စည်းရုံးရမှာက မြို့ပြ Comfort zone ထဲမှာ ငြိမ့်နေတဲ့ ဆရာကြီးတွေကိုပါ။ ဒေါ်လာဈေး၊ ရွှေဈေး အတက်အကျလောက်ကိုတောင် ကမ္ဘာပျက်မတတ် ဖြစ်နေတဲ့ လူ့မလိုင်တွေတော်လှန်ရကောင်းမှန်းသိလာအောင် စည်းရုံးရမှာပါ။
NUG က အစည်းအဝေးပဲ လုပ်နေတယ်၊
ဟုတ်ပါတယ် ဘာမဆို အားလုံးပါဝင် ဆွေးနွေးပြီး ဆုံးဖြတ်ရမှာပါ။ မဆွေးနွေးပဲ လုပ်သွားတာ မအလ ပါ။ ခုထိ သူ ထင်သလိုသာ နာမည်တွေပြောင်းချင်တိုင်းပြောင်းနေတာ ဆွေးနွေးတာများရှိဖူးသလား? အာဏာရှင် မဟုတ်တဲ့ အစိုးရဆိုတာ ဆွေးနွေးရတယ်၊ ပေါင်းပြီး ဆုံးဖြတ်ရတယ်။ ခုထိတော့ နောက်ဆုတ်သွားတာ မရှိဘူး။ တိုးတက်ဆဲပါ။
PDF အကျအဆုံးတွေကိစ္စ ဘယ်လို ဖြစ်တာလဲ?
မရေမတွက်နိုင်တဲ့ ကိုယ်ထူကိုယ်ထ ဒေသခံ PDF တွေဟာ ဦးဆောင်သူရဲ့ ပါးနပ်မှုပေါ်မူတည်ပါလိမ့်မယ်။ NUG ကာဝန်အောက်မှာ လှုပ်ရှားတဲ့ PDF တွေမှာ နည်းဗျူဟာဌာနတွေရှိတယ်၊ နည်းပညာ အထောက်အကူပြုအဖွဲ့မှာ ကျွမ်းကျင်သူတွေကြပ်မတ်ဆောင်ရွက်ပေးတယ်။ ရန်သူ သတင်းအချက်အလက်ချိတ်ဆက်မှုကအစ ဦးဆောင်ပေးတာရှိတယ်။ အထိအခိုက်နည်းပြီး အောင်မြင်တာများ ပါတယ်။
ထိခိုက်ကျဆုံးမှုတွေအတွက် မည်သည့်အဖွဲ့ကဦဆောင်သည် ဖြစ်စေ ဝမ်းနည်းရပါတယ်။ ပန်းတိုင်တူရင် ငါတို့အဖွဲ့ပါ။