မင်းအောင်လှိုင်ဟာ ခြေလှမ်းသစ်တစ်ခုကို လုပ်လိုက်တယ်။ သူက ဝန်ကြီးချုပ်ရာထူးကိုယူပြီး အိမ်စောင့် အစိုးရလို့နာမည်ပေး အစိုးရသစ်ကိုဖွဲ့လိုက်တယ်။ ဒါဟာ သူအာဏာရူးနည်းခြေလှမ်းနောက်တစ်မျိုးဖြစ် ပါတယ်။ သူက အိမ်စောင့်အစိုးရမှာ ဝန်ကြီးချုပ်ရာထူးအဖြစ်တာဝန်ယူထားတယ်။ အိမ်စောင့်အစိုးရကို ဖွဲ့စည်းပြီး အရပ်သားအစိုးရအသွင်နဲ့ ဆက်လက်အုပ်ချုပ်ဖို့ ဝန်ကြီးချုပ်တစ်ဦး၊ ဝန်ကြီးခြောက်ဦး နဲ့ ရှေ့ နေချုပ်တစ်ဦးပါဝင်တဲ့ အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့တယ်။ မနေ့က မိန့်ခွန်းတစ်ရပ်ပြောပြီး အိမ်စောင့်အစိုးရ အကြောင်းကို သူပြောခဲ့တာလို့ မီဒီယာတွေမှာ တွေ့ရတယ်။ ကျွန်တော်ကတော့ သူ့စောက်ခွက်ကိုမ ကြည့်ချင်လို့ သူနဲ့ပတ်သက်သမျှအရာအားလုံးကိုရှောင်ထားတယ်။ ဘဝမှာ မင်းအောင်လှိုင်ကိုမုန်းတဲ့အ မုန်းလောက်ပြင်းထန်တာမျိုးမရှိတော့ဘူးထင်တယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


