ဒီနေ့ မြန်မာနိုင်ငံတစ်ဝန်းနေရာအနှံ့မှာ ဗုံးပေါက်တယ်။ ကြီးကြီးမားမားတော့မဟုတ်ဘူး။ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးတွေနဲ့ အခြား စစ်အစိုးရပိုင်းဆိုင်ရာ နေရာတွေပေါ့။ အဲဒီအထဲမှာ မိထ္ထီလာ လေတပ်စခန်း လည်းပါတယ်။ တွေးထင်စရာနှစ်ချက်ရှိတယ်။ (၁) အချက်ကတော့ စစ်အုပ်စုက သူတို့အဆောက်အဉီ တွေကို သူတို့ကိုယ်တိုင်ဖောက်ခွဲမှုတွေပြုလုပ်ပြီး ပြည်သူတွေကလုပ်ပါတယ်လို့ အသံကောင်းဟစ်ချင် တာမျိုး (စီအန်အန်လာတုန်းက ရန်ကုန်မြို့တွင်းက စစ်တပ်ပိုင်ဈေးဝယ်စင်တာနှစ်ခုကို သူတို့ကိုယ်တိုင် ဗုံးဖောက်ခွဲပြီး အတန်ရှည်ယူသလိုပေါ့) ဖြစ်တယ်။ (၂) အချက်ကတော့ ပြည်သူတွေက စစ်အုပ်ချုပ်ရေး ကို မနှစ်သက်လို့ ရရာပုံစံနဲ့တိုက်ခိုက်နေတာဖြစ်တယ်။ သေချာတာကတော့ ပြည်သူတွေမှာ လက်နက် မ ရှိဘူး။ အဲဒီတော့ နေရာအနှံ့ဗုံးပေါက်ကွဲနေတဲ့အချက်က စဉ်းစားစရာဖြစ်လာတယ်။ ကျွန်တော်အနေနဲ့က တော့ စစ်သူပုန်တွေအုပ်စိုးတဲ့နေရာမှန်သမျှကို ဖောက်ခွဲပစ်ချင်နေတာပါပဲ။ အများပြည်သူလည်းသူတို့ရဲ့ အုပ်ချုပ်ပုံစနစ်ကို တစ်စက်ကလေးမှ သဘောမကျဘူးလေ။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။