မရမ်းကုန်းမြို့နယ်မှာ သံပုံးတီးသံတွေတိုးသွားတယ်။ ရပ်ကွက်တစ်ချို့က လုံးဝမတီးကြတော့ဘူး။ စစ်သူ ပုန်တွေဟာ နည်းလမ်းတစ်မျိုးကိုလုပ်ပြန်တယ်။ သူတို့က သံပုံးကိုစတီးတယ်။ ရပ်ကွက်က လိုက်တီးတဲ့ အခါ သံပုံးတီးတဲ့အိမ်တွေကို မှတ်ထားတယ်။ သုံးရက်မြောက်လောက်မှာ သံပုံးတီးတဲ့အိမ်တစ်အိမ်ချင်းကို ဝင်ဖမ်းတယ်။ ယောင်္ကျားလေးသက်သက် မိန်းကလေးသက်သက်ခွဲလိုက်တယ်။ ယောင်္ကျားလေးတွေကို ကန်ကျောက်ပြီး တစ်ညလုံးသံပုံးတီးခိုင်းတယ်။ မိန်းကလေးတွေကိုတော့ က ခိုင်းတယ်။ ပါးစပ်ကလည်း အမျိုးမျိုးဆဲရေးတိုင်းထွာတယ်။ “မင်းတို့တွေ အဲလောက်တီးချင်နေတာ တစ်ညလုံးတီး” ဆိုပြီး တီးသံရပ် ရင်ဆောင့်ကန်တယ်။ “ကောင်မတွေ နင်တို့လည်းအတူတူပဲ” ဆိုပြီး မိန်းကလေးတွေကို အတင်း က ခိုင်း တယ်။ အဲဒါ သမိုင်း (၁) ရပ်ကွက်မှာ လုပ်သွားတာ။ ဧည့်စာရင်းမတိုင်မနေရဖြစ်သွားတယ်။ ဘာလို့လဲဆို တော့ ရပ်ကွက်တစ်ခုမှာ မိသားစု (၁၀၀) ရှိရင် ရာခိုင်နှုန်း ၈၀ လောက်က ဧည့်စာရင်းသွားတိုင်တော့ကျန် တဲ့မိသားစုပါ မနေနိုင်တော့ဘူး။ အားလုံးက သူတို့လက်ထဲရောက်သွားခဲ့ရပြီ။
မေ ၂၀၊ ၂၀၂၃။ (စနေ)
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ရှိမြို့အဝင်အထွက်လမ်းတချို့ကိုစစ်ကောင်စီတပ်ကမြေတူးကားနဲ့ဖျက်ဆီးသွားပါတယ်။ထိုလမ်းတွေဟာကော့ကရိတ်မြို့ကနေကျေးရွာတွေဘက်ကိုကုန်စည်စီးဆင်းမှုအတွက်ဒေသခံတွေအသုံးပြုတဲ့လမ်းတွေပါ။စစ်ကောင်စီကပြည်သူတွေဒုက္ခရောက်အောင်ရိက္ခာပြတ်အောင်ဘက်ဟိုးနဲ့ထိုးပြီးပိတ်ချလိုက်တယ်။တိုင်းပြည်ကိုကျတော့အုပ်ချုပ်ချင်တယ်။လမ်းတွေခင်းပေးမယ့်အစားကောင်းနေတဲ့လမ်းတွေကိုတောင်ဖျက်စီးပစ်တယ်။ကော့ကရိတ်မြို့ကိုတော်လှန်ရေးအဖွဲ့တွေကကောင်းကောင်းခြိမ်းခြောက်နိုင်နေတဲ့အတွက်စစ်ကောင်စီဟာကြံမိကြံရာကြံပြီးပြည်သူတွေထိခိုက်အောင်အလွဲတွေချည်းလျောက်လုပ်နေတယ်။