စီဒီအမ်သမားတွေကို အုံနဲ့ကျင်းနဲ့လိုက်လံဖမ်းဆီးနေကြတယ်။ ဆန္ဒပြလူငယ်တွေကိုလည်းလိုက်လံဖမ်း ဆီးနေကြတယ်။ သူတို့ရဲ့ ရက်စက်မှုအရှိန်က လုံးဝလျော့မသွားဘူး။ စိတ်ပျက်စရာကောင်းလှတယ်။ အင်း စိန်ပိန်းနဲကုန်းထဲမှာ ဧည့်စာရင်းလာစစ်တယ်။ အိမ်ထဲကလူတွေအားလုံးကို အပြင်ထွက်ခိုင်းပြီးစစ်အုပ်စု က အိမ်ထဲကိုတက်ရှာတယ်။ တစ်အိမ်လုံးကိုလည်းမွှေနှောက်သွားတယ်။ လူတွေလည်းကြောက်နေကြ တယ်။ ကျွန်တော့်အဒေါ်ဆို သူ့မှာရှိတဲ့ပိုက်ဆံတွေကို ဆန်အိုးထဲဖွက်ထားရသေးတယ်တဲ့။ အားလုံးက အ ကြောက်တရားနဲ့နေထိုင်ကြရတဲ့ဘဝပါ။ သံပုံးလည်းတီးလို့မရတော့ဘူး။ သံပုံးတီးတဲ့အိမ်တွေကိုပစ်မှတ် ထားပြီး လိုက်ပစ်နေတယ်။ ဓါတ်မီးနဲ့ထိုးပြီးလိုက်ပစ်နေတာ။ သူတို့ ကမ်းကုန်အောင်ယုတ်မာနေကြပြီ။ လူတွေလည်း စိတ်ဓါတ်တွေပါကျလာတယ်။ သူတို့ မြန်မြန်မျိုးပြုတ်ပါစေကြောင်းဆုတောင်းရတာလည်း မောလှပြီ။
စက်တင်ဘာ ၀၈၊ ၂၀၂၃။ (သောကြာ)
NUGကခုခံတော်လှန်စစ်နှစ်နှစ်ပြည့်အစီရင်ခံစာတစ်ခုကိုထုတ်ပြန်လိုက်တယ်။ထိုအစီရင်ခံစာထဲမှာတော့NUGကတပ်ရင်း၃၀၀ကျော်ဖွဲ့စည်းထားပြီးပြီဖြစ်ကြောင်း၊ဒီနှစ်နှစ်အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲပေါင်း၉၉၀၀ကျော်ဖြစ်ပွားခဲ့ပြီးရန်သူအင်အားသုံးသောင်းကျော်ခြေမှုန်းထားနိုင်ကြောင်း၊ထွက်ပြေးသူလက်နက်ချသူတစ်သောင်းကျော်ရှိကြောင်း၊ဒါ့ကြောင့်ရန်သူစုစုပေါင်းအင်အားရဲ့၁၅ရာခိုင်နှုန်းခန့်ပြုန်းတီးသွားပြီဖြစ်ကြောင်းတင်ပြထားတယ်။ ပထမနှစ်နဲ့ဒုတိယနှစ်ကိုနှိုင်းယှဉ်ပြီးပထမနှစ်ကိုမဟာဗျူဟာခံစစ်ကာလ၊ဒုတိယနှစ်ကိုထိုးစစ်အကြိုကာလအဖြစ်သတ်မှတ်ထားတယ်။ဒုတိယနှစ်အတွင်းစခန်းသိမ်းတိုက်ပွဲ၃ဆကျော်တိုးမြှင့်ဆင်နွှဲနိုင်ခဲ့ကြောင်းယခုအချိန်မှာမဟာဗျူဟာမြောက်ထိုးစစ်အတွက်ပြင်ဆင်မှုတွေလုပ်နေကြောင်းလဲတင်ပြထားတယ်။