အစိုးရသစ် အစည်းအဝေးပြုလုပ်တဲ့သတင်းတွေတက်လာတယ်။ ကျွန်တော်တို့အတွက် လွတ်မြောက် ရေးလမ်းစတွေ့နေပြီလားလို့ ထင်မိတယ်။ အရာရာတိုင်းဟာ မျှော်လင့်ချက်တွေနဲ့ချည်းပါပဲ။ NUG နဲ့ ပတ်သက်လို့ အသံအမျိုးမျိုးထွက်နေပေမယ့် ကောင်းသောအကြောင်းအရာတွေများပါတယ်။ တစ်ဖက် မှာလည်း စစ်သူပုန်တွေဟာ မြန်မာနိုင်ငံသားတွေကို နေရာအနှံ့လိုက်လံနှိပ်စက်နေကြတယ်။ သပိတ်စစ် ကြောင်းတွေထွက်လို့မရအောင် လုပ်ဆောင်နေတယ်။ လမ်းသွားလမ်းလာကားတစ်ချို့ကိုတားဆီးပြီး NUG ကိုမထောက်ခံကြောင်းဆိုင်းဘုတ်ကိုင်ခိုင်းတယ်။ ပြီးရင် ဓါတ်ပုံရိုက်တယ်။ သက်သေယူတာပေါ့။ ပြီးရင် သူတို့ရဲ့ဝါဒဖြန့်ရုပ်သံလိုင်းမှာ NUG ကိုမထောက်ခံသူတွေရှိပါတယ်ဆိုပြီး အလိမ်အညာတွေလွှင့် ပါလိမ့်မယ်။
ဇန်နဝါရီ ၂၇၊ ၂၀၂၃။ (သောကြာ)
အခုတလောစစ်ကောင်စီကပြုလုပ်မယ့်ရွှေးကောက်ပွဲနဲ့ပတ်သက်ပြီးလူပြောများနေတယ်။စစ်ကောင်စီကတော့ဒီလဆန်းပိုင်းကစပြီးမဲစာရင်းပြုလုပ်ဖို့လူဦးရေစာရင်းကိုတနိုင်ငံလုံးမှာကောက်ယူနေတယ်။ပြည်သူတရပ်လုံးနဲ့နိုင်ငံအများစုကတော့ထိုရွှေးကောက်ပွဲကိုဆန့်ကျင်ထားကြတယ်။ဒါကြောင့်နယ်တွေမှာတော့လူဦးရေစာရင်းကောက်ယူတဲ့အဖွဲ့တွေတိုက်ခိုက်ခံနေရတယ်။အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ရွှေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်လို့ပြောနေတယ်။ဒါပေမယ့်သူ့တပည့်ဖြစ်တဲ့စစ်ကောင်စီပြန်ကြားရေးတာဝန်ခံဇော်မင်းထွန်းကတော့ရွှေးကောက်ပွဲကျိန်းသေပေါက်ဖြစ်လာမယ်လို့မသေချာသေးဘူးလို့VOAကိုပြောသွားတယ်။ဒါကြောင့်လူတွေကြားမှာဒွိဟဖြစ်စရာတွေပေါ်လာတာပေါ့။ ရွှေးကောက်ပွဲဖြစ်မဖြစ်ပြောဖို့ကတော့စောပါသေးတယ်။ဒီထက်အရင်လာမှာကဒီလကုန်မှာစစ်ကောင်စီကိုဘယ်လိုသက်တမ်းတိုးမလဲဆိုတာပဲ။အာဏာသိမ်းတာနှစ်နှစ်ပြည့်သွားပြီလေ။သူတို့ဖက်တွယ်ထားတဲ့အခြေခံဥပဒေအရဆိုအရေးပေါ်ကာလကနှစ်နှစ်အထိပဲပြဌာန်းခွင့်ရှိနေတာဖြစ်တယ်။ဒီလကုန်မှာနှစ်နှစ်ပြည့်မှာဖြစ်တဲ့အတွက်စစ်ကောင်စီကဒါကိုဘယ်လိုသက်တမ်းတိုးမလဲစောင့်ကြည့်နေကြတယ်။စစ်ခေါင်းဆောင်တွေကတော့အရှက်ကင်းမဲ့စွာနောက်ထပ်၆လသက်တမ်းတိုးပါတယ်ဆိုပြီးသူ့ကြေငြာထားတဲ့အရေးပေါ်ကာလကိုဆွဲဆန့်သွားဖို့အဖြစ်နိုင်ဆုံးပဲ။