ထမင်းကြော်ဆိုင် ထမင်းဝင်စားတယ် ပိုက်ဆံမရှင်းတဲ့ အပြင် ဆိုင်မှာ လာစားနေတဲ့လူတွေကိုပါ နောက်နေ့ မင်းတို့စောက်ခွက်တွေ မမြင်ချင်ဘူးလို့ ပြောတယ်
လှိုင်သာယာသပိတ်ဖြိုတော့ ဖုန်းဆိုင်ကြီးတစ်ဆိုင်ကို ဖြိုပြီး ဖုန်းတွေ အကုန်မသွားတယ်။
တောင်ဥက္ကလာ ညဘက်ဝင်ဆွဲတော့လည်း ဖုန်းဆိုင်ဖောက်ပြီး ဖုန်းတွေ ခိုးသွားတယ်။
တောင်ဒဂုံသပိတ်ဖြိုတယ်ဆိုပြီး အိမ်တစ်ကန်ကို ချိုးဖျက်ဝင်ရောက်ပြီး ဈေးရင်းဖို့ထားတဲ့ ပိုက်ဆံလေး ၃၅ သိန်းကိုယူသွားတယ်။ဗီဒိုတွေကိုပြောင်းပြန်လှန်ပစ်တယ်။ နောက်ဆုံးဆန်အိုးထဲက ဆန်လေးတွေကိုတောင် ရေမြောင်းထဲတစ်ကူးတစ်က အားအင်စိုက်ထုတ်ပြီးသွန်ပစ်တယ်။
သတင်းစာပို့တဲ့ကောင်လေးကိုတောင် ရိုက်နှက်ပြီး သတင်းစာဖိုးတွေလုယူ နောက်ဆုံးဖမ်းမယ်လုပ်လို့ အနားက သတ္တိရှိတဲ့ အိမ်ရှင်တစ်ယောက်ထွက်ဟန့်မှ မဖမ်းဘဲထားခဲ့တယ်။
တက်စီသမားကို တားပြီးဖုန်းစစ်တယ်။ ဖုန်းထဲမှာ ဘာမှမတွေ့တော့ ခပ်တည်တည်နဲ့ ဘောင်းဘီအိတ်ထဲထည့်တယ်။ ကားဆရာက ဖုန်းပြန်မပေးရင်နေပါ။ ဆင်းကတ်လေးတော့ ပေးပါ။ Contact တွေက ဆင်းကတ်ထဲမှာမို့ပါဆိုတော့ ဆင်းကတ်ယူမလား/သေနတ်ယူမလားလို့မေးလို့ ဖုန်းဖိုးလေးအကြွေးမကျေသေးတဲ့ ကားဆရာ ဝမ်းနည်းခံပြင်းစွာနဲ့ ပြန်လာရတယ်။
အလုပ်ကအပြန် ဖယ်ရီကဆင်း အိမ်ကိုလမ်းလျှောက်ပြန်လာသူကို စစ်မေးပြီး ရုံးကနေ အိမ်စားစရိတ်ထုတ်လာတဲ့ (၃) သိန်းကို ခပ်တည်တည်နဲ့ယူထားလိုက်တယ်။
ယုဇနပလာဇာ ဝင်တယ်။ တစ်ချို့ဆိုင်တွေ ဝင်ပြီး လိုချင်တာတွေယူတယ်လို့လည်း ကြားရတယ်။ လမ်းဘေးက အသုတ်သည်/အသီးသည်/ပလာတာ/ခေါင်းရွက်ဗျက်ထိုးသည်ပါကျန် ဒီဒုက္ခတွေ ခံစားကြရတယ်။ ဖြစ်ပျက်သမျှတွေ တန်းစီချရေးရင် တစ်ထောင့်တစ်ညပုံပြင်ဖြစ်တော့မယ်။
အစိုးရကိုဆန့်ကျင်နေတဲ့သူတွေကို ဖြိုခွင်းတဲ့အခါ ဒီလို သာမန်ပြည်သူတွေကိုပါ နှိပ်စက်ညှင်းပန်း အနိုင်ကျင့်ရမယ်လိုသင်ပေးလိုက်တာလား။ တာဝန်ရှိသူအဆင့်ဆင့်ကလည်း မြင်နေကြားနေပါလျှက်နဲ့ ဒါတွေမလုပ်ရဘူးလို့ တားမြစ်မနိုင်လောက်အောင် ကိုယ်ကျင့်တရား/ ကိုယ်ချင်းစာတရား/ အသိဉာဏ်တွေ ခေါင်းပါးနေတာလား။
မြန်မာပြည်မှာ ဒီလိုတွေ လုယက်နှိပ်စက်သတ်ဖြတ်နေတာ ကြုံတဲ့အခါ အားကိုးရမယ့် သိက္ခာရှိတဲ့ အဖွဲ့အစည်းပျောက်နေတယ်။ ခံစားရတဲ့ကောင်တွေ က တိုင်ကြားရင် ဥပဒေဖောက်ဖျက်သူတွေအဖြစ် သတ်မှတ်ခံရမယ်။ အခုလိုဖေ့ဘွတ်ပေါ်တက်ရေးရင်လည်း အင်မတန်ကြိးမားမြင့်မြတ်တဲ့ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ဆောင်သူအဖြစ် ၅၀၅ တပ်ပြီး တရားစွဲဆိုခံရမယ်။ ဒီလိုတွေဖြစ်ပျက်နေတာကိုလည်း အစိုးရကိုဆန့်ကျင်တာကိုခံပေါ့ဆိုပြီး ထောက်ခံအားပေးနေတဲ့ လူတွေ ကိုယ့်ရဲ့ ကိုယ့်ကျင့်တရားတွေကိုပါ အရောင်ဟပ်နေတယ်ဆိုတာ နားလည်ဖို့ ကောင်းသင့်ပြီ။
Credit to