ကိုယ်တွေကတော့ ခု UNSC အစည်းအဝေးမှာမြန်မာ့အရေးဘာသဘောတူညီချက်မှမရစေချင်ဘူး။
သဘောတူညီချက်ရလဲ လက်ရှိအခြေအနေအရ R2P တော့လုံးဝမဖြစ်နိုင်တော့ဘူး။ ကိုယ်တွေလိုတာ R2P ပဲ။ တခြားဆုံးဖြတ်ချက်တွေကတော်လှန်ရေးကိုအကျိုးသက်ရောက်မှုသိပ်မရှိနိုင်ဘူး။ R2P မဖြစ်နိုင်ဘူးဆိုရင် ဘာသဘောတူညီချက်မှမရတာပိုကောင်းလိမ့်မယ်။
အာ့ဆို UN လဲအရှက်ကွဲမယ်။ ဟုတ်တယ်လေ.. မြန်မာ့အရေးပြသနာကတခြားနိုင်ငံတွေလိုမဟုတ်၊ အရှင်းကြီး။ လက်နက်မဲ့ပြည်သူတွေကြက်ကလေး၊ငှက်ကလေးတွေလိုအသတ်ခံနေရတယ်။ အကူအညီတွေပေးဖို့ချက်ချင်းလိုအပ်တယ်။ အဲ့ဒါကိုတစ်ကမ္ဘာလုံးလဲသိတယ်၊ ထောက်ခံတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးနဲ့တစ်ယောက် သောက်တရုတ်တစ်ကောင်ကကန့်လန့်လုပ်နေလို့အရေးယူလို့မရဘူးဆိုရင်…. UN ဆိုတဲ့အဖွဲ့အစည်းကြီးကိုအချိန်ကုန်ငွေကုန်ခံပြီးမထားသင့်တော့ဘူး။ UN ဆိုတာတကယ်တော့စက္ကူကျားပဲ။
သဘောတူညီချက်မရရင် CRPH လဲ နောက်ဆံမတင်းပဲလုပ်စရာရှိတာဆက်လုပ်လို့ရသွားမယ်။
US ဝင်ချင်လဲအကြောင်းပြချက်ရသွားမယ်။ ငါတို့ဘောင်ထဲကကြိုးစားကြည့်သေးတယ်..မရလို့ပေါ့။ ဘယ်သူမှမဝင်လဲကိုယ့်သာသာကိုယ်တိုက်ယူနိုင်တယ်။
အဲ့ဒီတော့ ပြည်တွင်းစစ်ကြီးဖြစ်လာမယ်။ ဒေသတွင်းမတည်မငြိမ်မှုတွေဖြစ်လာမယ်။ နောက်ဆုံးတတိယကမ္ဘာစစ်ဖြစ်လာရင်တောင် အဲ့ဒါ UN နဲ့ တရုတ်ကြောင့်ပဲ။
ပြောချင်တာက R2P ကိုမျှော်မနေနဲ့။ UN ကိုလဲအားမကိုးနဲ့။ ကိုယ်လုပ်စရာရှိတာဆက်လုပ်ရုံပဲ။