အားလုံးပင်ပန်းနေပြီ။ ဘာဆက်ဖြစ်နိုင်လဲ တွေးပြီးကျွန်တော်လည်း ကျွန်တော်ထင်တာကို ချရေးကြည့် မယ်နော်။ ပြည်တွင်းရေးရာနဲ့ နိုင်ငံတကာရေးရာ (၂) ပိုင်းခွဲကြည့်လိုက်တယ်။
(၁) နိုင်ငံတကာအကူအညီ
အခုလုပ်မယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးဆုံးဖြတ်ချက် (၂ လအတွင်း ၃ ကြိမ်မြောက်) မှာ ထုံးစံအတိုင်း တရုတ်နဲ့ ရုရှားက ကန့်ကွက်လိမ့်မယ်။ ဒါက အဆုံးစွန်အထိကိုမျှော်လင့်ထားတာ။ ဒါပေမဲ့ ဒီကောင်တွေလည်း လေပြေလေးနည်းနည်းအေးနေတဲ့အချိန်ဆိုတော့ မကန့်ကွက် ရင်တော့ ကံ အကောင်းဆုံးပေါ့လေ။
UN အဆင်မပြေရင်တော့ US ရှိတယ်။ ဘိုင်ဒင်ရဲ့ ပထမဆုံးလပိုင်း သမ္မတသက်တမ်းမှာ နည်းနည်းလေး ကြွယ်ပြလို့ရနိုင်တဲ့အခွင့်အရေးဖြစ်သလို ဒေါ်စုနဲ့ ပုဂ္ဂိုလ်ရေးအရရင်းနှီးသူလည်းဖြစ် မြန်မာနိုင်ငံရဲ့ အနေအထားကို နားလည်သူလည်းဖြစ်လို့ US က ငါကူညီချင်လို့ကူညီတယ်၊ ဒါကြောင့်ကူညီလိုက်တယ် ဆောရီးနော် ပြောရင် ကျန်တဲ့ကောင်တွေဘာမှပြောလို့မရဘူး။ သေချာတာကတော့ ဘိုင်ဒင်လည်းငြိမ် တော့မနေဘူး။ စည်းထဲဘောင်ထဲကမလွတ်တဲ့နည်းကိုရှာနေလိမ့်မယ်။
နောက်တစ်ခုက QUAD လည်း မျှော်လင့်လို့ရသေးတယ်။
အဲတော့ နိုင်ငံတကာမှာ UN, US, QUAD သုံးခုကို မျှော်လင့်လို့ရတယ်။ ကျန်တဲ့ ICC, ICJ ဘာညာတွေ ကတော့ သူတို့အတွက် ဒုက္ခလှလှတွေ အဆစ်ပေးလိုက်တာပေါ့။
(၂) ပြည်တွင်းကပဲတိုက်မယ်
ပြည်တွင်းကတိုက်မယ်ဆိုရင်တော့ အရင်လိုပဲ CRPH လမ်းညွှန်မှု၊ CDM, လူထုအုံကြွမှု သုံးမျိုးကို ဟန် ချက်ညီညီထိန်းထားပြီး နည်းနည်းလေးတောင့်ခံနိုင်မှရမယ်။ ချက်ချင်းဝုန်း ဒိုင်းတိုက်လို့မရဘူးလား ဆိုတော့မဟုတ်ဘူး။ ရတယ်။ ဒါပေမဲ့ CRPH က လူတွေထပ်မသေဖို့၊ နောက်ထပ် သွေးမြေမကျဖို့ အသက်သာဆုံးနည်းလမ်းကိုရွေးနေတယ်လို့မြင်တယ်။ ဒေါက်တာဆာဆာကလည်း သူ့ စာတွေအရတော့ စည်းထဲဘောင်ထဲကသွားချင်နေပုံရတယ်။
လောလောဆယ်တော့ အားလုံးက CRPH ကိုစောင့်ကြည့်နေတာ။ သူဘာလုပ်မလဲ။ အဆင်မပြေရင်တော့ ပြည်သူကလည်း ဆက်ပြီးတောင့်ခံဖို့ဆိုတာထက် တွေ့ကရာနဲ့ကောက်ထုပြီးတိုက်ပစ်လိုက်ဖို့အနေအ ထားတွေဖြစ်ကုန်ပြီ။
မအလတို့ရဲ့အခြေအနေက သူတို့အသက်ရှင်ဖို့နဲ့ အာဏာပြန်ရဖို့ သေနတ်တကားကားနဲ့ လှည့်ပြ ပစ်ပြနေ ရတဲ့အနေအထားမှာပဲရှိနေတော့တာ သေချာတယ်။ အခြားအကွက်တွေလည်းမရှိတော့ဘူး။ တကယ် တမ်းလုပ်ငန်းတွေလည်ပတ်ဖို့ နိုင်ငံ့အတွက် ဘာ ညာဆိုတာ မရှိတော့ဘူး။
ဖေဖော်ဝါရီ ၁ မတိုင်ခင်အခြေအနေကိုပြန်ရောက်ဖို့ကတော့ အားလုံးအားလျော့သွားလို့မဖြစ်ဘူး။ မရရတဲ့ နည်းနဲ့ အားတင်းထားဖို့လိုပါတယ်။ ရွဖို့ ကြွဖို့လိုပါတယ်။
သွေးအေးရင်တော့ ဂွေးသေးသွားလိမ့်မယ်။ ဒီတော့ သွေးမအေးဖို့အရေးကြီးတယ်လို့ထင်ပါတယ်။
အရေးတော်ပုံအောင်နေပြီ။
ခရစ်ဒစ်- ကွကိုယ်ရေးတာ