တစ်ညလုံးကောင်းကောင်းမအိပ်ရတဲ့ညထဲမှာ ဒီညလည်းပါတယ်။
စစ်သူပုန်တွေဟာ ရပ်ကွက်ထဲကိုဝင်ပြီး သေနတ်နဲ့ပစ်ဖောက်တယ်။ ကင်းစောင့်နေတဲ့သူတွေကိုလိုက်လံ ခြိမ်းခြောက်တယ်။ တစ်ချို့ကိုဖမ်းခေါ်သွားကြပြန်တယ်။
ည ၉ နာရီ အချိန်ကတည်းက တိုက်ခန်းမီးတွေကိုပိတ်ထားဖို့အော်ပြောတယ်။ မပိတ်တဲ့တိုက်ခန်းတွေကို သေနတ်နဲ့လှမ်းပစ်တယ်။ ချောင်းကြည့်တဲ့သူတွေကို အော်ဆဲတယ်။ သေနတ်သံတွေနဲ့ လူတွေကိုခြိမ်း ခြောက်နေတာဖြစ်တယ်။
တစ်နေရာတည်းမဟုတ်ဘူး။ အခြားရပ်ကွက်တွေမှာလည်း အဲဒီအတိုင်းပဲ။ သူတို့ရဲ့ခြေလှမ်းဟာပြည်သူ တွေကြောက်သွားဖို့ဖြစ်တယ်။ Generation Y, Z တွေက သိပ်မကြောက်ပေမယ့် generation X တွေက တော့ ကြောက်ပြီး နောက်နေ့အပြင်မထွက်ဖို့ပြောသံတွေညံလာပြန်တယ်။
ဒါပေမဲ့။
>>>