Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်အာဏာရှင် လက်အောက် ဒုတိယ အပတ်

March 2, 2021
in အာဏာသိမ်း ဒိုင်ယာရီ, အာဏာသိမ်း ဒိုင်ယာရီ
Reading Time:7 mins read
Share on FacebookShare on Twitter

ဖေဖော်ဝါရီ ၈

မနက် ၈း၁၆

ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြကြရန် မအိသဉ္ဇာမောင် လှုံ့ဆော်

မနက် ၉း၁၃

ဆန္ဒပြပွဲများတွင် သံဃာတော်များ ပူးပေါင်းပါဝင်လာ

မနက် ၁၁း၂၆

နေပြည်တော်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများအား ရေပိုက်များဖြင့်ထိုး၍ လူစုခွဲ

နေ့လယ် ၁၂း၄၈

နိုင်ငံတဝှမ်းရှိ မြို့များတွင် လူထောင်ပေါင်းများစွာ ဆန္ဒပြ

ညနေ ၆း၀၀

ည ၈ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရ၊ လူငါးဦးထက်ပို၍ မစုဝေးရဟူသည့် အမိန့်ထုတ်ပြန်မည့် သတင်းထွက်ပေါ်

ည ၇း၃၁

ရန်ကုန်၊ မုံရွာ၊ မန္တလေးအပါအဝင် လူဦးရေထူထပ်သည့် မြို့များတွင် မာရှယ်လော ထုတ်ပြန်

ည ၈း၀၀

မင်းအောင်လှိုင် တီဗွီမှ မိန့်ခွန်းပြော

>>>>> 

ဖေဖော်ဝါရီ ၉

မနက် ၂း၅၀

အမေရိကန် သမ္မတနှင့် အိန္ဒိယ ဝန်ကြီးချုပ် ဖုန်းခေါ်ဆိုရာတွင် မြန်မာ့အရေးထည့်သွင်းဆွေးနွေး

မနက် ၃း၄၀

ကုလ လူ့အခွင့်အရေးကော်မရှင်မှ မြန်မာ့အရေးနှင့် စပ်လျဉ်း၍ အထူးအစည်းအဝေး ကျင်းပရန် ဆုံးဖြတ်

မနက် ၉း၅၀

မြန်မာနိုင်ငံနှင့် နိုင်ငံရေး၊ စစ်ရေး ထိပ်တန်းအဆက်အသွယ်များကို ရပ်ဆိုင်းထားမည်ဟု နယူးဇီလန် ဝန်ကြီချုပ်ပြော

မနက် ၁၁း၃၀

Activist များ ဖိအားပေးသဖြင့် မြန်မာစစ်တပ်ပိုင် MEC နှင့် ဖက်စပ်လုပ်ကိုင်နေသည့် Virginia Tobacco Company ရှိ ယင်း၏ ရှယ်ယာများကို ထုတ်ယူမည်ဟု စင်ကာပူစီးပွားရေးသမား လင်မ်ကာလင်းပြော

မနက် ၁၁း၃၀

လှည်းတန်းစင်တာတွင် စစ်ကားများနှင့် စစ်သားများ နေရာယူ

နေ့လယ် ၂း၄၉

သတင်းထောက်တစ်ဦးအပါအဝင် လူ၂၇ ဦးထက်မနည်း မန္တလေးတွင် ဖမ်းဆီးခံရ

နေ့လယ် ၃း၅၁

နေပြည်တော်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများအား ကျည်အစစ်ဖြင့် ပစ်ခတ်၊ ဦးခေါင်းဒဏ်ရာရရှိသည့် မမြသွဲ့သွဲ့ခိုင်ကို ဆေးရုံသို့ ပို့ဆောင်

ည ၁၀း၂၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

>>>>> 

ဖေဖော်ဝါရီ ၁၀

နံနက် ၁၂း၅၀

မြန်မာစစ်တပ် အာဏာသိမ်းမှုကို တုန့်ပြန်နိုင်မည့် နည်းလမ်းအားလုံးကို စဉ်းစားရန် ဥရောပပါလီမန် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဒေးဗစ် မက္ကယ်လစ်စတာ ပြော

နံနက် ၁း၅၀

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေး ဆွေးနွေး

နေ့လယ် ၁၂း၀၀

နေပြည်တော်တွင် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းများ ချီတက်ဆန္ဒပြ

လွိုင်ကော်တွင် ရဲတပ်ဖွဲ့ဝင်၂၀ ဆန္ဒပြသူများနှင့် ပူးပေါင်း

နေ့လယ် ၃း၀၀

မင်းအောင်လှိုင်ထံမှ အကူူအညီတောင်းခံသည့်စာ ရရှိကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

ည ၉း၀၀

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် အင်အားအလွန်အကျူးသုံးစွဲပါက မြန်မာ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံတကာ ဥပဒေများအရ အရေးယူခြင်းခံရမည်ဟု မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေများနှင့် စပ်လျဉ်း၍ ကုလအထူးသံတမန် တွမ်အင်ဒရူးစ် သတိပေး

ည ၁၀း၃၀

ဂျပန်နှင့်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ ပြုလုပ်သောအစည်းအဝေးအပြီး၌ နေပြည်တော်တွင် ဆန္ဒပြသူများ ပစ်ခတ်မှုကို ရှုံ့ချကြောင်းပြော၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားထိန်းသိမ်းသူများအား လွှတ်ပေးရန် နှင့် ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးရန် တိုက်တွန်း

>>>>> 

ဖေဖော်ဝါရီ ၁၁

မနက် ၁၂း၅၀

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာစစ်တပ်အပေါ် အရေးယူမည့် အချက်များအား ကြေငြာ၊ အမေရိကန်ပြည်ထောင်စုရှိ မြန်မာအစိုးရ၏ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလျံအား မရယူနိုင်အောင် ပိတ်ပင်ထားရန် အတည်ပြု

မနက် ၇း၁၄

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရုံးတဆူဖြစ်သည့် ဦးကျော်တင့်ဆွေအား ထိန်းသိမ်း

မနက် ၁၀း၀၀

ယခင်ညက အင်တာနက် ထိန်းချုပ်ရာတွင် ကူညီရန် တရုတ်လေယာဉ်များဆိုက်ကပ်သည်ဆိုသည့် သတင်းအပေါ် အခြေခံ၍ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ၊ သံရုံးက လေယာဉ်တွင် ပင်လယ်စာများသာ ပါဝင်သည်ဟု စာထုတ်

ည ၉း၅၀

ဆိုက်ဘာလော ဥပဒေကြမ်း ထွက်ပေါ် ပျံ့နှံ့

>>>>> 

ဖေဖော်ဝါရီ ၁၂

မနက် ၁၂း၂၀

အမေရိကန် ဘဏ္ဍာရေး ဌာနမှ ဆန်ရှင်ချမှတ်မည့် လက်ရှိနှင့် အငြိမ်းစား စစ်ဗိုလ်ချုပ်ဆယ်ဦးစာရင်းကို ထုတ်ပြန်

မနက် ၄း၁၅

USAID မှ မြန်မာအစိုးရအား အကူအညီပေးမည့် ဒေါ်လာ ၄၂.၄ သန်းအား အရပ်ဖက်အဖွဲ့အစည်းများထံ လွဲှပြောင်းပေးအပ်သွားမည်ဟု ကြေငြာ

မနက် ၇း၃၀

အကျဉ်းသား ၂၃၀၀၀ ကျော် အားထောင်မှ လွှတ်ပေး

နေ့လယ် ၂း၃၆

ရဲတပ်ဖွဲ့မှ ရာဘာကျည်ဖြင့် ပစ်ခတ်သဖြင့် လူသုံးဦး ဒဏ်ရာရ

ညနေ ၄း၂၁

ကုလလူ့အခွင့်အရေး သံတမန်တွမ်အင်ဒရူးစ်က အစီရင်ခံစာများအရရော ဓာတ်ပုံအထောက်အထားများအရပါ လုံခြုံရေးတပ်ဖွဲ့များက နိုင်ငံတကာဥပဒေကို ချိုးဖောက်လျှက် ကျည်ဆံအစစ်များ အသုံးပြုနေကြောင်း ပြော

ည ၈း၀၀

ထိုင်းနိုင်ငံတွင်လည်း ဒီမိုကရေစီ အားပေးသူများက မြန်မာနိုင်ငံကဲ့သို သံပုံးများတီးခတ်

ည ၁၀း၂၀

ကုလ လူ့အခွင့်အရေး ကောင်စီမှ မြန်မာ့အရေး ဆုံးဖြတ်ချက် ထုတ်ပြန်

တရုတ်၊ ရုရှားနှင့် ဖိလစ်ပိုင်တို့မှာ မြန်မာ့အရေးသည် ပြည်တွင်းရေးသာဖြစ်သည်ဟု သီးခြားစီ သဘောထားထုတ်ပြန်

လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်တွင် “coup”ဟူသည် စကားလုံးအား သုံးစွဲခြင်းမရှိဘဲ “”deep concern at the declaration of the state of emergency imposed in Myanmar by the military” နှင့် “calls for the restoration of the democratically elected Government,”ဟုသာ ဖော်ပြထား

>>>>> 

ဖေဖော်ဝါရီ ၁၃

နေ့လယ် ၁၂း၃၀

ညဖက် လူဖမ်းပွဲများအား ရပ်တန့်ရန် ဆန္ဒပြပွဲများတွင် ထုတ်ဖော်ကန့်ကွက်

>>>>> 

ဖေဖော်ဝါရီ ၁၄

နံနက် ၉း၁၀

ဧည့်စာရင်း ဥပဒေအား ပြန်လည် အသက်သွင်း

ည ၉း၄၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်သူများအား စစ်တပ်မှ အကြမ်းဖက် နှိမ်နင်း

ည ၁၁း၀၀

ဆန္ဒပြသူများနှင့် ပြည်သူများအပေါ် အကြမ်းဖက်ခြင်းမပြုရန် အနောက်နိုင်ငံ သံရုံးများမှ စုပေါင်းစာထုတ်

>>>>> 

Sithu အမည်ရှိ Facebook အကောင့်ပိုင်ရှင် တင်ထားသည့် Post ကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ သည်။ ခရစ်ဒစ်ပေးအပ်ပါသည်။

Related Posts

ဇွန် ၁၉၊ ၂၀၂၅။ (ကြာသပတေး)
အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၁၉၊ ၂၀၂၅။ (ကြာသပတေး)

June 19, 2025

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးစုပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုစခန်းကိုဒီလ ၂ရက်နေ့ ကတည်းက...

ဇွန် ၁၈၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၁၈၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

June 18, 2025

ရွှေစျေးဒေါ်လာစျေးတွေ တက်လာပြီဆိုလို့ သတိထားမိတာတစ်ခုရှိတယ်။အခုစျေးတွေတက်လာတာဟာ ကမ္ဘာနိုင်ငံရေးစစ်ရေးကြောင့်ဖြစ်ပြီး ပြည်တွင်းရေးနဲ့...

ဇွန် ၁၇၊ ၂၀၂၅။ (အင်္ဂါ)
အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၁၇၊ ၂၀၂၅။ (အင်္ဂါ)

June 17, 2025

ကမ္ဘာ့နိုင်ငံရေး အခြေအနေပြောင်းလဲလာမှုတွေကြောင့် ပြည်တွင်းရွှေစျေးနဲ့ဒေါ်လာစျေးတွေတက်ရိပ်ပြလာပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေး​နဲ့အီရန်တို့အပြန်အလှန်ဒုံးကျည်တွေနဲ့ပစ်နေတာကြောင့် စစ်ဖြစ်မှာစိုးရိမ်ပြီး...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English