Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်အာဏာရှင် လက်‌အောက် ပထမ အပတ်

မတ် 2, 2021
in အာဏာသိမ်း ဒိုင်ယာရီ, အာဏာသိမ်း ဒိုင်ယာရီ
Reading Time:9min read
Share on FacebookShare on Twitter

ဖေဖော်ဝါရီ ၁

မနက် ၆ နာရီ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ ဖမ်းဆီး ထိန်းသိမ်းခံရကြောင်း NLD က နိုင်ငံခြားသတင်းဌာနတစ်ခုထံ အတည်ပြု

မနက် ၆း ၁၈

MTRV မှ နည်းပညာအခက်အခဲကြောင့် ထုတ်လွှင့်နိုင်ခြင်းမရှိဟု fb တွင် post တင်

မနက် ရ နာရီ

ဖုန်းလိုင်းများ နှင့် အင်တာနက်အဆက်အသွယ်များ ပြတ်တောက်

မနက် ၈း၃၀

မင်းအောင်လှိုင်မှ အာဏာသိမ်းလိုက်ကြောင်း မြဝတီမှ ကြေငြာ၊ အရေးပေါ်ကာလ တစ်နှစ် ကြေငြာ၊ ခေါင်းဆောင်များအား ရွေးကောက်ပွဲမသမာမှု အကြောင်းပြဖမ်းဆီးလိုက်ကြောင်း ကြေငြာ

မနက် ၉း၅၀

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမှ ဖမ်းဆီးထားသော ခေါင်းဆောင်များအား လွှတ်ပေးရန် ကြေညာ ချက်ထုတ်

မနက် ၁၀း၁၇

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှ ဖမ်းဆီးထားသော ခေါင်းဆောင်များအား လွှတ်ပေးရန် နှင့် ပြည်သူများ ၏ ဆန္ဒကို အလေးထားရန် ပြော

မနက် ၁၀း ၃၀

ယာယီ သမ္မတ မြင့်ဆွေမှ မင်းအောင်လှိုင်အား အာဏာလွှဲပေးသည့် အစည်းအဝေးကို မြဝတီမှ ထုတ်လွှင့်

နေ့လယ် ၁၂း၀၅

အင်တာနက် အဆက်အသွယ်များနှေးကွေးမှုကြောင့် ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းထားမည်ဟု မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်း ကြေငြာ

နေ့လယ် ၁၂း၀၇

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမှ အာဆီယံချာတာကို လိုက်နာရန်၊ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာ များကို ဥပဒေနည်းဖြင့်သာ ဖြေရှင်းရန်ပြော

နေ့လယ် ၁း၀၀

နေပြည်တော်တွင် လွှတ်တော်သွားရာလမ်းအား သံချပ်ကာယာဉ်များအပါအဝင် လုံခြုံရေးတပ်ဖွဲ့များဖြင့် ပိတ်ဆို့ထားသော်လည်း ကျန်အစိုးရရုံးများတွင် လုံခြုံရေးချထားခြင်း မတွေ့ရ

နေ့လယ် ၁း၄၈

အာဏာသိမ်းစစ်တပ်မှ အမိန့်အမှတ် ၁/၂၀၂၁ ထုတ်ပြန်

နေ့လယ် ၃း၃၀

ဘန်ကောက်ရှိ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြ

ထိုင်းဒုတိယဝန်ကြီးချုပ်က မြန်မာ့အရေးသည် ပြည်တွင်းရေးသာဖြစ်သည်ဟု မီဒီယာအားပြော

နေ့လယ် ၃း၄၅

ရန်ကုန်တွင် panic buying လုပ်သူအချို့ရှိလာ

ည ၈း၀၀

မြစ်ကြီးနားဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်း စစ်အာဏာရှင်လက်အောက်တွင် အလုပ်မလုပ်နိုင်ဟု ဆိုကာ ရာထူးမှနှုတ်ထွက်

ည ၁၀း၁၅

အမေရိကန် လွှတ်တော်ခေါင်းဆောင် မစ်မက်ကော်နယ်က ခေါင်းဆောင်များ လွှတ်ပေးရန် မြန်မာစစ်တပ်အား တောင်းဆို၊ ဘိုင်ဒင်အစိုးရအနေဖြင့် စစ်အာဏာသိမ်းသူများအား အရေးယူရန် တိုက်တွန်း

>>>>> 

ဖေဖော်ဝါရီ ၂

မနက် ၁၂း၁၀

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်မှာ အရေးယူပိတ်ဆို့မှုများကို ပြန်လည်သုံးသပ် ချမှတ်သွားမည်ဖြစ် ကြောင်းပြော၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း စစ်တပ်မှ အာဏာစွန့်လွှတ်ရေး၊ ဖမ်းဆီထားသူများလွှတ်ပေးရေး၊ အရပ်သားများအပေါ် အကြမ်းဖက်မှုမရှိရေး ဝိုင်းဝန်းဖိအားပေးကြရန် တိုက်တွန်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမှလည်း မြန်မာပြည်သူများနှင့် အတူရပ်တည်လျှက်ရှိကြောင်း သီးခြား ကြေငြာ

မနက် ၁း၂၀

ယူကေက မြန်မာသံအမတ်အား ဆင့်ခေါ်၍ အာဏာသိမ်းမှုနှင့် အရပ်သားခေါင်းဆောင်များအား ဖမ်းဆီးမှု အား ပြစ်တင်ရှုံ့ချ

မနက် ၂း၄၅

အာဏာသိမ်းသည့် မနက်ခင်းက လွှတ်တော်သို့သွားရာလမ်းတွင် စစ်သားများနှင့် စစ်ကား များအား နောက်ခံထားလျှက် အမျိုးသမီးတစ်ဦး အေရိုးဗစ်ကစားနေသည့် ဗွီဒီယို ပျံ့နှံ့ထွက်ပေါ်

နေ့လယ် ၁၂း၀၃

NLD အမှုဆောင်ကော်မတီမှ ခေါင်းဆောင်များအပါအဝင် ဖမ်းထားသူများ လွှတ်ပေးရန် ကြေညာချက်တစ်ရပ် ထုတ်ပြန်

နေ့လယ် ၂း၂၅

 Yangon Youth Network မှ Civil Disobedience Campaign ကို ကြေငြာ၊ Civil Disobedience ကို မန္တလေးရှိ ဆေးရုံတစ်ခုမှ ဆရာဝန်များမှ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း Twitter တွင် ဖော်ပြ

ညနေ ၄း၂၀

ထိုင်း Amata အုပ်စုမှ မြန်မာနိုင်ငံရှိ ဒေါ်လာ တစ်ဘီလျီတန် ရင်းနှီးမြှပ်နှံမှုအားရပ်ဆိုင်း

ညနေ ၅း၃၀

နိုင်ငံတကာလေဆိပ်များ ပိတ်ကြောင်း သတင်းထွက်ပေါ်

ည ၈း၀၀

စစ်အာဏာသိမ်းသူများကို သံပုံးတီး တောခြောက်မောင်းနှင်သည့် လှုပ်ရှားမှု စတင်

>>>>> 

ဖေဖော်ဝါရီ ၃

မနက် ၃း၀၀

လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးဆွေးနွေးသော်လည်း စစ်အာဏာသိမ်းမှုအား ရှုံ့ချသည့် ကြေညာ ချက် ထုတ်ပြန်နိုင်ခြင်း မရှိ

မနက် ၉း၄၃

အာဏာသိမ်းစစ်တပ်မှ စစ်ကောင်စီဖွဲ့

မနက် ၉း၄၉

မြို့နယ် ၃၀ ရှိ ဆေးရုံ၇၀ မှ ဆရာဝန်များအပါအဝင် ကျန်းမာရေး ဝန်ထမ်းများ အာဏာသိမ်း စစ်တပ်အတွက် အလုပ်လုပ်ပေးမှု ရပ်ဆိုင်းကာ Civil Disobedience Movement စတင်ထွက်ပေါ်

မနက် ၁၀း၀၀

ရန်ကုန်စတော့အိပ်ချိန်း ရပ်တန့်

မနက် ၁၀း၂၀

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအား အကူအညီဆက်ပေးသင့်မပေးသင့် အခြေအနေကို စောင့်ကြည့်နေ ကြောင်းပြော

မနက် ၁၁း၄၈

အာဏာမသိမ်းမီ သီတင်းပတ်ကမှ အရေးပေါ်အကူအညီအဖြစ် အိုင်အမ်အက်ဖ်မှ မြန်မာနိုင်ငံအား လွှဲပေးလိုက်သော ဒေါ်လာသန်း ၃၅၀အား ပြန်လည်ရရယူရန် မလွယ်ကူတော့ ဘဏ္ဍာရေး ပညာရှင်ပြော

နေ့လယ် ၁၂း၄၀

G 7 နိုင်ငံခြားရေးဝန်ကြီးများမှ အာဏာသိမ်းမှုအား ပြစ်တင်ရှုံ့ချကြောင်း ကြေငြာချက် ထုတ်

ညနေ ၄း၀၀

ရန်ကုန်စတော့ အိပ်ချိန်းအညွန်းကိန်း Myanpix ၆% ကျဆင်း ၂၀၁၇ မတ်လနောက်ပိုင်း ရာနှုန်းအားဖြင့် အကြီးမားဆုံး ကျဆင်းမှုဖြစ်

ညနေ ၅း၀၀

ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေးဥပဒေဖြင့်လည်းကောင်း၊ ဦးဝင်းမြင့်အား သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေဖြင့်လည်းကောင်း စွဲချက်တင်မည့် စာရွက်စာတမ်းများ ထွက်ပေါ်

>>>>> 

ဖေဖော်ဝါရီ ၄

မနက် ၇း ၃၀

Facebook အားပိတ်ထားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာန ကြေငြာချက် ထွက်ပေါ်

မနက် ၁၀း၁၅

စစ်အာဏာသိမ်းမှု ဆန့်ကျင့်ရေး ပထမဆုံး ဆန္ဒပြပွဲ မန္တလေးဆေးတက္ကသိုလ်အနီးတွင် ပြုလုပ် ကိုတေဇာဆန်းနှင့် လူ၂၀ ခန့်ပါဝင်

မနက် ၁၁း၁၀

လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံရှိ အရေးပေါ်အခြေအနေနှင့် စပ်လျဉ်း၍ များစွာ ပူပန်ကြောင်း ကြေငြာချက်ထုတ်၊ “coup” “condemn” စသည့် စကားလုံးများ ကြေညာချက်တွင် ပါဝင်ခြင်းမရှိ

>>>>> 

ဖေဖော်ဝါရီ ၅

မနက် ၂း၁၀

NLD နာယက ဦးဝင်းထိန်အား ဖမ်းဆီးသည့် သတင်းထွက်ပေါ်

မနက် ၂း၄၀

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်မှ မြန်မာစစ်တပ်အား အာဏာစွန့်လွှတ်ရန်၊ ဖမ်းဆီးထားသူများ လွှတ်ပေးရန် ထပ်မံပြောကြား

မနက် ၈း၀၄

ဂျပန် ဘီယာကုမ္ပဏီ Kirin မှ မြန်မာစစ်တပ်ပိုင် MEC နှင့် ဖက်စပ်လုပ်ကိုင်နေသော လုပ်ငန်းများကို ရပ်တန့်မည် ဖြစ်ကြောင်း ကြေငြာ

နေ့လယ် ၃း၂၉

CDM တွင် ဆရာဆရာမများ ပါဝင်လာ

>>>>> 

ဖေဖော်ဝါရီ ၆

မနက် ၁၂း၃၀

Twitter ကိုပါ ထပ်မံပိတ်

မနက် ၄း၁၀

၂၀၂၀ ရွေးကောက်ပွဲမသမာမှုများကို စတင်စစ်ဆေးနေသည်ဆိုသည့် ရွေးကောက်ပွဲကော်မရှင်၏ ကြေငြာချက်ထွက်ပေါ်

မနက် ၁၀း၀၀

လှည်တန်းတွင်ငြိမ်းချမ်းစွာ ဆန္ဒပြမှု စတင်

ရန်ကုန် အခြားနေရာများတွင်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား

နေ့လယ် ၂းဝဝ

မန္တလေး 84 x 37/8 ဘက်မှ စပြီး ဆိုင်ကယ်စီးပြီး ဆန္ဒပြကြ။ 78, 80, 84, 35 နှင့် ကျုံးပတ်လည် လမ်းများတွင် ဆန္ဒပြသူများ အပြည့်

နေ့လည် ၃း၀၀

လမ်း၈၀ ၃၅*၃၆ ကနေ လမ်းလျှောက်ဆန္ဒပြသူများ စတင်ချီတက်ကာ ၃၅လမ်းတစ်လျှောက် ၈၄ထိဆင်း၊ ၈၄တစ်လျှောက် ၂၈လမ်းထိ၊ ၂၈လမ်းကနေ ၈၀ထိ လမ်း ၈၀မှာ လူစုခွဲ

ည ၁၀း၀၀

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလိုက်ပြီဆိုသည့် သတင်းမှား ကျယ်ပြန့်စွာ ထွက်ပေါ်

>>>>> 

ဖေဖော်ဝါရီ ၇

မနက် ၁၀း၀၀

ရန်ကုန်တွင် လူထောင်ချီသည့် ဆန္ဒပြပွဲများ၊ သပိတ်စစ်ကြောင်းများ ထွက်ပေါ်

လက်သုံးချောင်းသင်္ကေတကို ကျယ်ပြန့်စွာ အသုံးပြုလာ

နေ့လယ် ၂း၃၂

မြဝတီတွင် ရဲက သေနတ်ပစ်ဖောက် လူစုခွဲ

ညနေ ၅း၅၇

မြဝတီတွင် ရာဘာကျည်သုံးစွဲကြောင်း၊ လူခြောက်ဦး အဖမ်းခံရကြောင်း ဧရာဝတီသတင်းဌာန ဖော်ပြ

ည ၈း၅၄

မြန်မာပြည်သူများနှင့် တသားတည်ရှိနေကြောင်း ပုပ်ရဟန်းမင်းကြီးပြော

>>>>> 

Sithu အမည်ရှိ Facebook အကောင့်ပိုင်ရှင် တင်ထားသည့် Post ကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ သည်။ ခရစ်ဒစ်ပေးအပ်ပါသည်။

Related Posts

စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး
သုံးသပ်ချက်များ

စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး

ဖေ‌ဖော်ဝါရီ 3, 2023

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျင်...

ဇန်နဝါရီ ၃၀၊ ၂၀၂၃။ (တနင်္လာ)

ဇန်နဝါရီ ၃၀၊ ၂၀၂၃။ (တနင်္လာ)

ဖေ‌ဖော်ဝါရီ 3, 2023

လာမည့်ဖေဖော်ဝါရီလတစ်ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းထားတာတစ်နှစ်ပြည့်မယ်။အဲ့ဒီနေ့တနိုင်ငံလုံးမှာအသံတိတ်သပိတ်လုပ်ဖို့တော်လှန်ရေးအင်အားစုတွေကဆော်သြထားတယ်။စစ်အာဏာသိမ်းပြီးနောက်အသံတိတ်သပိတ်လုပ်တာဒီတကြိမ်နဲ့ဆိုရင်သုံးခေါက်ရှိပြီ။ပြည်သူတရပ်လုံးပါဝင်တဲ့ငြိမ်းချမ်းစွာအန္တရာယ်ကင်းကင်းဆန္ဒထုတ်ဖော်လို့ရတာအသံတိတ်သပိတ်တမျိုးပဲရှိမယ်။တခြားနည်းလမ်းတွေနဲ့ကြိုးစားကြည့်ပြီးသွားပြီ။အောင်မြင်မှုမရခဲ့ဘူး။အသံတိတ်သပိတ်ကတော့ဒီတခေါက်လဲအောင်မြင်လိမ့်ဦးမယ်ထင်တယ်။    

ဇန်နဝါရီ ၂၉၊ ၂၀၂၃။ (တနင်္ဂနွေ)

ဇန်နဝါရီ ၂၉၊ ၂၀၂၃။ (တနင်္ဂနွေ)

ဖေ‌ဖော်ဝါရီ 3, 2023

စစ်ကောင်စီကရွှေးကောက်ပွဲအတွက်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုထုတ်ပြန်လိုက်တယ်။ထိုပဒေရဲ့အနှစ်ချုပ်ကတော့စစ်တပ်လက်ပါးစေကြံခိုင်ရေးပါတီကလွဲပြီးကျန်ပါတီတွေဝင်ရောက်ယှဉ်ပြိုင်လို့မရအောင်ကန့်သတ်လိုက်တာပဲ။တနိုင်ငံလုံးယှဉ်ပြိုင်မယ့်ပါတီတွေအတွက်ရက်ပေါင်းကိုးဆယ်အတွင်းပါတီဝင်တစ်သိန်းရှာခိုင်းပြီးပါတီရန်ပုံငွေသိန်းတစ်ထောင်တင်ခိုင်းတယ်။ပါတီရုံးခန်းတွေကိုလဲမြို့နယ်အားလုံးရဲ့ထက်ဝက်ခန့်မှာဖွင့်ခိုင်းသေးတယ်။ထိုသတ်မှတ်ချက်ကိုပြည့်မှီဖို့ဆိုတာလက်ရှိအချိန်မှာစစ်တပ်ရဲ့လက်ပါးစေကြံခိုင်ရေးပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့NLDပါတီတို့သာရှိမယ်။NLDပါတီကစစ်ကောင်စီကပြုလုပ်မယ့်ရွှေးကောက်ပွဲကိုသပိတ်မှောက်ထားတော့ကြံခိုင်ရေးပါတီသာပြိုင်ဖက်ကင်းဖြစ်တော့မှာပေါ့။ပြီးတော့အချိန်မှီမှတ်ပုံတင်ဖို့မပြုလုပ်ရင်ပါတီအဖြစ်ကအလိုလိုပယ်ဖျက်မယ်တဲ့။အချိန်တန်ရင်တနိုင်ငံလုံးမှာကြံခိုင်ရေးပါတီတစ်ခုသာကျန်ခဲ့အောင်ဥပဒေထုတ်လိုက်တဲ့သဘောပါပဲ။စစ်ကောင်စီဟာအခုကတည်းကရွှေးကောက်ပွဲအစွမ်းကုန်ညစ်ပတ်ဖို့ပြင်ဆင်နေတာထင်ရှားနေတယ်။

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist